အပိုင်း(၂၄)

5.2K 1K 74
                                    

『Unicode』

《ပထမနာရီ》

တစ်ထပ် ။

နှစ်ထပ် ။

အောက်ထပ် ၂ထပ်သို့ ဆင်းရန်မှာ တိုတောင်းသည့် အကွာအဝေးသာ ဖြစ်ပြီး အလွန်နီးသည်မှာ သိသိသာသာပင် ။ သို့သည့်တိုင် ၎င်းက လက်လှမ်းမမီနိုင်မည့်ပုံပေါ်နေသော သေရေးရှင်ရေးလမ်းကြောင်းဖြစ်လာ၏ ။

အနာဂတ်မှသူတို့ပေးခဲ့သော တစ်ခဏစာအနားရချိန်သည် သူတို့ကို အသက်ရှုဖို့ အခွင့်အရေးပေးလိုက်သယောင် ။

အချိန်က နှေးကွေးသွားသည့်ပုံပေါ်သည် ။ ဖုတ်ကောင်အုပ်မှာ ပြန်လည်အသက်ရှင်လာပြီး အဆောက်အဦးက တဖြည်းဖြည်း မူလအခြေအနေ ပြန်ဖြစ်လာကာ ထူထဲသော ပင့်ကူကြိုးမျှင်တွင် တွဲလွဲခိုနေသည့် ပင့်ကူများ ထွက်ပေါ်လာ၏ ။ ယခုအချိန်တွင် တိုးမြင့်လာသော အာရုံခံစားချက်များနှင့် အဒရီနယ်လင် မြင့်တက်လာခြင်း၏ ရလဒ်အနေဖြင့် ဖြစ်ပျက်နေသည့် ​အပြောင်းအလဲများမှာ အနှေးပြကွက်ဖြင့် ဖြစ်ပွားနေလေသည် ။

ကျစ်ယွီရှီသည် ရုတ်တရက် သူ့အောက်ရှိ ကြမ်းပြင် မရှိတော့သည်ကို တွေ့လိုက်ချိန်တွင် သူ၏ ခရမ်းရောင်ဖြစ်နေသောလက်ကိုအသုံးပြုလျက် သူ့ကိုယ်သူ ထောက်ပံ့လိုက်ပြီး သူ့အရှေ့ရှိ အဖွဲ့သားများနောက်မှလိုက်ကာ ခုန်ဆင်းလိုက်လေသည် ။

'ဘုတ်!'

သူ့ခြေထောက်များ မြေပြင်ထက်တွင် ဆင်းသက်ပြီးပြီးချင်းပင် ဖြူစုတ်စုတ်လက် ၇စုံ ၊ ၈စုံလောက်က ဘေးဘက်များမှ ဆန့်ထွက်လာ၏ ။ သူမော့ကြည့်လိုက်ရာ မီးခိုးရောင်မျက်လုံးနှင့် သွားရည်ကျနေသောပါးစပ်များဖြင့် ပုံပျက်ပန်းပျက် မျက်နှာများစွာက သူ့ထံ အပြေးအလွှားလာနေကြသည်ကို မြင်လိုက်ရသည် ။

"ဒိိုင်း ဒိုင်း ဒိုင်း---"

သူ့အနောက်ရှိ အဖွဲ့ဝင်များက လျင်မြန်စွာ ပစ်ခတ်နေကြပြီး သူ့မျက်စိရှေ့တွင် ရုတ်တရက်ပင် နေရာလွတ်တစ်ခုပေါ်လာ၏ ။

"ဒီမှာ ဂိတ်ရှိတယ် !" ထန်းချီက အော်လိုက်ပြီး သူ့သေနတ်မှာ မြန်ဆန်စွာ အဆက်မပြတ်ပစ်ခတ်နေဆဲ ။ သေနတ်ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသွားသော ဧရာမပင့်ကူကြီးသည် ယိုင်လဲကာ ဖုတ်ကောင် အတော်များများကို ရိုက်ချသွားလေသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now