အပိုင်း(၅၉)

4.2K 876 80
                                    

『Unicode』

《‌ပြောင်းရွှေ့စခန်း(၄) 》

အိပ်ရာမှာ ဗလာရှင်းနေသည် ။ လိုက်ကာများကြားမှတစ်ဆင့် အပြင်ဘက်မှ ညခင်းကို ဝိုးတဝါးမြင်နေရသည် ။

အိပ်ရာပေါ်မှ စောင်များမှာ ရှုပ်ပွနေလျက် တစ်စုံတစ်ယောက်က လောလောလတ်လတ် အိပ်ထားသကဲ့သို့ပင် ။ အကယ်၍ လျှောက်သွားပြီး ထိကိုင်ကြည့်ပါက ကျန်ရှိသေးသော အနွေးဓာတ်တစ်ချို့ကိုပင် ခံစားရနိုင်သေးသည်ဟု ထင်မှတ်ရ၏ ။

အရာအားလုံးသည် စုန့်ချင်းလန် ပူဖောင်းကမ္ဘာထဲတွင် မြင်ခဲ့တုန်းကအတိုင်း တည်ရှိနေသေးဆဲပင် ။

စုန့်ချင်းလန်သည် နေရာတွင်ပင် ရပ်နေမိပြီး သူ့နှလုံးသားမှာတော့ အကြမ်းပတမ်း ခုန်ပေါက်လာတော့သည် ။

တစ်ခဏချင်းပင် သူ့အကြားအာရုံထဲ၌ သူ့နှလုံးခုန်သံတဒုတ်ဒုတ်များဖြင့် ပြည့်နှက်သွားလေသည် ။ သွေးများက သူ့ခြေဖဝါးကနေ သူ့ဦးခေါင်းထိပ်အထိ ဆန်တက်လာပုံရသည် ။ သူ့တစ်ကိုယ်လုံး ပူပြင်းလောင်မြိုက်နေ၏ ။ နောက်ဆုံးတွင်တော့ ဘာတွေဖြစ်နေမှန်း သူသဘောပေါက်သွားခဲ့သည် ။

သူ၏ဘဝတစ်‌လျှောက်လုံးတွင် သူ့နှလုံးသားက ဘယ်တုန်းကမျှ မလှုပ်ခတ်ခဲ့ဖူးချေ ။

သူပထမဆုံးတွေ့ကြုံခံစားလိုက်ရချိန်တွင်တော့ တစ်ဖက်လူသည် သူငယ်ငယ်တုန်းက စိတ်ကူးယဉ်ထားပုံနှင့် လုံးလုံးကွဲပြားနေခဲ့သည်‌ပေ ။ ပုံပန်းသွင်ပြင် ၊ အကျင့်စရိုက် သို့မဟုတ် လိင်အမျိုးအစားဖြစ်ဖြစ်  အကုန်လုံးက ခြားနားနေခဲ့သည် ။

သို့သော် သူ့နှလုံးသားက ဤအချက်ပေးချက်ကို လက်ခံရရှိလိုက်သည်နှင့် သူ့ရင်ဘတ်ထဲ၌ ခံစားချက်များမှာ ဒီရေလှိုင်းလုံးများသဖွယ် မြင့်တက်လာတော့သည် ။ ခံစားချက်များက ပြင်းထန်လွန်းသဖြင့် သူအံ့အားသင့်သွားသော်လည်း ဤသည်က သူပုံမှန်လို့ ခံစားနေရသောအရာ ဖြစ်နေသေးသည် ။ ဘာကွာခြားတာရမှာလဲ ? အစတည်းက အသိသာကြီးကို ထိုသို့ဖြစ်နေသင့်သည့်အရာပင် ။

ဖြစ်နေသည်က ကျစ်ယွီရှီ အပေါ်သူခံစားနေရသော စိတ်ဆိုးဒေါသထွက်မှု ၊ မကျေမနပ်ဖြစ်မှုများနှင့်အတူ ၊ ယုံကြည်မှုနှင့် စိုးရိမ်ပူပန်မှုများမှာလည်း အကြောင်းပြချက် မရှိခြင်း မဟုတ်ခဲ့ ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now