အပိုင်း(၉၁)

3.7K 801 83
                                    

『Unicode』

《အချင်းများခြင်း》

လက်ရှိ ကိတ်မုန့်က အဓိကပြဿနာမဟုတ်ပေ ။ စုန့်ချင်းလန် အခြားတစ်ခုကို မေးလာသော်လည်း ကျစ်ယွီရှီ သေချာမကြားလိုက် ။ "ဟင် ? "

စုန့်ချင်းလန် မေးလာသည်က "အရသာ ဘယ်လိုလဲ ? " ဟူ၍ ။ သူသည် ကျစ်ယွီရှီ မျက်နှာကို အနီးကပ်ကြည့်နေလျက် စိတ်အေးလက်အေး သက်တောင့်သက်သာ လေသံဖြင့် ပြောလာသည် ။ "မစားဘဲ အဲ့မှာ ဒီလောက်အကြာကြီး ကြောင်တောင်တောင်နဲ့ ထိုင်ကြည့်နေတော့ အရသာက ဆိုးလို့လား ? ဘယ်က ရလာတာတုန်း ? "

ယခင်တစ်ခေါက်က ကျစ်ယွီရှီ ပြန်ရောက်လာသောအချိန်၌ ပစ္စည်းကိရိယာ တားမြစ်ချက်များကြောင့် သူ့တွင်ပိုက်ဆံတစ်ပြားမှ မပါသွားဘဲ ဖုန်းနှင့်ငွေပေးမှုလည်း မလုပ်နိုင်ခဲ့ ။ ထို့ကြောင့် စုန့်ချင်းလန် ဤမေးခွန်းကိုမေးရခြင်းပင် ။

"ကိတ်မုန့်ဆိုင်ပိုင်ရှင်က ပေးလိုက်တာ " ကျစ်ယွီရှီက ပြန်ဖြေလာသည် ။ "........အရသာရှိပါတယ် " အနည်းဆုံးတော့ သူ့မှတ်ဉာဏ်များထဲမှ အရသာနှင့် ကွက်တိ တစ်ထပ်တည်း တူညီနေသည် ။

"ငါမင်းကို စောင့်ကြည့်မနေတော့တာနဲ့ သူများတွေက မင်းကိုတစ်ခုခုလာပေးရော " စုန့်ချင်းလန်က စုတ်သပ်လျက် "ကြည့်ရတာ ငါမင်းကို ပိုပြီး အနီးကပ်စောင့်ကြည့်ဖို့ လိုပြီထင်တယ် "

ကျစ်ယွီရှီ၏ အတွေးများက စုန့်ချင်းလန် စကားလုံးများနောက်မှ လိုက်ပါသွားသည် ။ ထိုရယ်စရာကောင်းသည့် စကားလုံးများက ခုနက သူ၏ထိတ်ပြာရှုပ်ထွေးမှု အများစုကို သက်သာသွားစေပြီး သူ့ကိုလက်တွေ့သို့ ပြန်လည်ဆွဲခေါ်လာခဲ့သည် ။ သူ့စိတ်အာရုံက တစ်ဖန်ပြန်လည်ကြည်လင်လာ၏ ။ "ဆိုင်ရှင်က ကျွန်တော့်ထက် အနှစ်၃၀ပိုကြီးတယ် " သူသည် နံရံကိုကျောမှီလျက် စုန့်ချင်းလန်စကားကို ပြန်တုံ့ပြန်လာသည် ။ "ကျွန်တော် ငယ်ငယ်တုန်းက သူ့ဆိုင်ကို ခဏခဏသွားခဲ့တာ ၊ သူက အရမ်းသဘောကောင်းတယ် "

စုန့်ချင်းလန်က ပြုံးသည် ။

မိုးရေစက်များနှင့်မြူခိုးများအကြား ကျစ်ယွီရှီ၏အသံမှာ အနည်းငယ် ဝေဝါးနေလျက် ။ သူဆက်ပြောလာခဲ့သည် ။ "အဲ့နေ့တုန်းကလဲ ကျွန်တော်အိမ်မပြန်ခင် သူ့ဆိုင်က ကိတ်ဝယ်ခဲ့သေးတယ် "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now