အပိုင်း(၃၄)

4.6K 967 131
                                    

『Unicode』

《ပကတိရှုပ်ထွေးခြင်း》

အိပ်သည် ။ စားသည် ။ တွေးသည် ။

အာကာသယာဉ်ထဲမှ အရှိန်မှာ ရုတ်တရက် ဖြည်းညင်းသွား‌လေသည် ။

၄ယောက်သားသည် အတူတကွ အလုပ်ကြိုးစားနေရ၏ ။ လီချွင်းက ကျန်ရှိနေသေးသော ဓာတ်ပုံအယ်လ်ဘမ်ကို အသုံးပြုကာ ကတ်များအဖြစ် ညှပ်ထုတ်လိုက်ပြီး စုန့်ချင်းလန်က ပုံဆွဲသည့် တာဝန်ယူရသည် ။ ကျစ်ယွီရှီသည် ထိုကတ်များကို သုံးကာ မုတ်ဆိတ်ကြီး၏ ဘာသာစကားကို စတင်သင်ယူတော့သည် ။

ကျစ်ယွီရှီတွင် တကယ့်ကို ဘာသာစကားများသင်ကြားရန် ပါရမီရှိလေသည် ။ သင်္ကေတများ၏ အဓိပ္ပာယ်များနှင့် အသံထွက်များအားလုံးကို မှတ်မိရန် တစ်ကြိမ် ကြည့်ရှုရန်သာ လိုအပ်ခဲ့သည် ။ သူက အမှန်ကို လူသားအသံသွင်းစက် အလားပင် ။

လုပ်ကိုင်နိုင်စွမ်းက ဤမျှထိမြင့်နေသောကြောင့် မုတ်ဆိတ်ကြီးမှာ အလွန်စိတ်လှုပ်ရှားနေ၏ ။ ကျစ်ယွီရှီသည် တစ်ကြိမ်လျှင် နှစ်နာရီသာ သင်ရန် စီစဉ်ထားသည့်တိုင် မုတ်ဆိတ်ကြီးက အမြဲတမ်း တမင်တကာ အချိန်ပိုယူလေသည် ။ ထိုသို့ဖြစ်သည့်အချိန်တိုင်း မုတ်ဆိတ်ကြီးက သူ့အထက်တန်းတုန်းက အတန်းပိုင်ဆရာအတိုင်းဟု ကျစ်ယွီရှီ ခံစားနေရသည် ။

ကျန်သည့်အချိန်များတွင်တော့ ကျစ်ယွီရှီနှင့် စုန့်ချင်းလန်သည် သူတို့အခြေအနေကို ‌လေ့လာသုံးသပ်ကြသည် ။

မိုးသစ်တော ၊ အာကာသယာဉ်နှင့် မြို့ကဲ့သို့သော သိထားပြီးသည့် နေရာများမှ အချိန်‌ရွေ့လျားနှုန်းကို အသုံးပြုကာ ဟန်ချက်ညီအမှတ်တစ်နေရာကို ရှာဖွေရန် ကြိုးစားကြသည် ။

ကျစ်ယွီရှီတွင် မတူညီသော တွက်ချက်နည်း အ‌မြောက်အများ ရှိလေ၏ ။ သူ့ဆက်သွယ်ရေးစက်မှ အကြီးချဲ့ပုံရိပ်ကို အသုံးပြုကာ သူရေးသားသည့် တွက်နည်းများမှာ ပိုပိုများလာပြီး ပို၍ ပို၍ပင် ရှည်လျားလာကာ သိပ်မကြာမီတွင် စုန့်ချင်းလန်လည်း အမီမလိုက်နိုင်တော့ ။

ဤနေရာ၌ နေမရှိပေ ။ အလုပ်လုပ်နေသေးသော နာရီမှလွဲ၍ သူတို့အတွက်အနားယူရန် အချိန်ကို ပြောပြရန် ခက်ခဲလှသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now