အခန်း ၆၆၅

3.1K 561 7
                                    

အခန်း ၆၆၅ ကုန်သွယ်ပြပွဲ

ယူရှောင်းမို အရှက်ကွဲတာ မြင်ရဖို့အတွက်နဲ့ သူ့တို့နောက်ကနေ တကယ်ကြီး လိုက်လာသည့် လူက နှစ်ယောက် ရှိသေးသည်။

ယူရှောင်းမိုမှာ နောက်ကို လှည့်ရင်းပြီးချိန်မှာတော့ ဆွံ့အသွားရသည်။ တကယ်ကြီး ကြောင်းမှန်း ကန်းမှန်းမသိတဲ့သူတွေ ရှိတာပဲ သူက ပျော့တီးပျော့ဖတ်နဲ့ နူးနူးညံ့ညံ့လေးဆိုလဲ ဘာဖြစ်လဲ? သူက အဆင့်ငါးမှော်ဆရာ ဆိုတော့ကော ဘာဖြစ်လဲ သူ့မှာ သူ့ကိုယ်သူ အဆင့်ခြောက်လို့ မပြောပဲနဲ့ အဆင့်ငါးလို့ပဲ ပြောမိလို့ပဲ တော်သေးတယ်လို့ ပြောရတော့မလိုပဲ။ သူသာ အဆင့်ခြောက်မှော်ဆရာလို့ ပြောရင် အဲဒိလူတွေ ရယ်လွန်းလို့ ခေါင်းတွေတောင် ပြုတ်ကျမလားပဲ။

အဲဒိထဲမှာ အတည်ငြိမ်ဆုံးလို့ ပြောရမယ့်သူကတော့ သူတို့ကို ငါးလွှာကို တန်းခေါ်သွားတဲ့မန်နေဂျာပဲ။

ငါးလွှာက ကြည့်လျှင်တော့ မြင်သလို ထင်ရပေမယ့် တကယ်တမ်းကတော့ သိပ်တော့ မမြင့်ပေ။ ခဏလေးနှင့် ရောက်သွားကြသည်။

မန်နေဂျာက လှေခါးပေါက်ဝတွင် မတ်တပ်ရပ်လိုက်သည်။ လမ်းပြသည့် အနေနှင့် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ယူရှောင်းမိုကို “ကြွပါခင်ဗျ၊ ဧည့်သည်တော်ရဲ့ အခန်းက ဘယ်ဘက်အခြမ်းက သုံးခန်းမြောက်အခန်းပါ။ ဒါကတော့ အခန်းသော့ပါ ခင်ဗျ။ အခန်းပြန်အပ်ချင်တာနဲ့ ဒီသော့ကတ်လေးကို အရှေ့က ကောင်တာကိုပဲ ပြန်လာအပ် ပေးရုံပါပဲခင်ဗျ” သူက ပြောရင်းနှင့် ကတ်အမဲလေး တစ်ကတ်ကို ကမ်းပေးသည်။

ယူရှောင်းမိုက ခေါင်းညိမ့်ပြီး လှမ်းယူကာ “ကျေးဇူးအများကြီးတင်ပါတယ်”

“ဒါ ကျွန်တော့် တာဝန်ပါပဲခင်ဗျ။ ” မန်နေဂျာက ခပ်ဆဆလေး ပြုံးပြကာ ပြန်လှည့်ပြီး အောက်ထပ်ကို ဆင်းသွားသည်။ စောင့်ဖို့တောင် အစီအစဉ်ရှိမနေပေ။

သူတို့နောက်မှ လိုက်လာသော နှစ်ယောက်မှာလဲ လက်မှိုင်ကျသွားသည်။ ပုံမှန်ဆိုလျှင် ဧည့်သည်တွေက သူတို့၏ ကျင့်ကြံဆင့်ကို လိမ်လျှင် အလိမ်ပေါ်သွားပါက ဒေါသပုံထကာ သောင်းကျန်းမည့် ရန်မှ ကာကွယ်ရန် မန်နေဂျာက အစကနေ အဆုံးထိကို လိုက်လာလေ့ရှိသည်။ ဒါပေမယ့် သူက တကယ်ကြီး ထွက်သွားတယ်ဆိုကတည်းက ယူရှောင်းမိုရဲ့ ကျင့်ကြံဆင့်က တကယ် အဆင့်ငါး မှော်ဆရာများလား?

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now