အခန်း ၆၈၈ အပြစ်ဖို့ခြင်း ခံရတဲ့သူ

2.6K 515 18
                                    

Chapter 688: The One Who Took the Blame

အပိုင်း 688 အပြစ်တင်ခံရတဲ့သူ

မှော်ဆရာစုဝေးပွဲကြီး ပြီးသွားသည်နှင့် ထုံထျန်း တိုက်မကြီးတွင် အေးချမ်းမှုကာလ တစ်လတာ ပြန်ရောက်လို့ သွားသည်။ သို့သော်လည်း ထို ကာလမှာလည်း တစ်လတည်းမျှသာ။ ဆီအိုးတစ်အိုး မီးမြှိုက်နေသကဲ့သို့ အပူချိန်က တစ်ဖြည်းဖြည်းချင်း တက်လာရာကနေ သူ့ရဲ့ ရေချိန်မှတ်သို့ ရောက်သွားသည့် အခါမှာတော့ ထိုအပူက လူတစ်ယောက်၏ အရည်ပြားကို တောင် လောင်မြှိုက်နိုင်သည်အထိ ပူပြင်းသွားနိုင်သည်။

ထုံထျန်း တိုက်မကြီးတွင်လည်း ထိုအခြေသဏ္ဍာန်မျိုး ဖြစ်လို့နေသည်။

ထိုကာလ အတွင်းတွင် ယူရှောင်းမိုကတော့ သုတ်ခြေတင် ဆေးဖော်ခြင်း မပြုပေ။ တစ်ကြောင်းကတော့ သူ့နယ်မြေ အဆင့်တက်သွားသဖြင့် အချို့သော အရာလေးတွေ ပြောင်းလဲမှုကြောင့် သူ လိုက်ဖြည့်ဖို့ လိုနေတာကြောင့် လဲ ပါသည်။ ပြောရလျှင် သူ့ရဲ့ သစ်သားတဲလေးနှင့် ခြံဝန်း နှင့် ခြေထောက်ပေါက် သလို ရှည်ထွက်ကာ တောင်ကုန်းလေး တစ်ယောက်ကို ရှည်ထွက်သွားသည့် သူ့မှော်ဆေးပင်အခင်းကို ဥပမာ ပေးလို့ရသည်။ မှော်ဆေးပင်အခင်းကြီးက ယခင်ကအတိုင်း ဖြစ်နေရဲ့လား ဆိုသည်ကို မသေချာတော့ သူ့မှာ အပင်တွေကို နှစ်ခါ နှစ်ခါ ပြန်စစ်နေရသည်။

သူ၏ နယ်မြေကို ပြုစုနေရသည်နှင့် အလုပ်များနေသည့် ယူရှောင်းမိုမှာ တိုက်မကြီးတောင်ပိုင်းတွင် ဆူမှတ်သို့ ရောက်ရှိသွားသည့် အဖြစ်ကိုပဲ မသိသည့် အနေအထားတောင် ရောက်ရှိသွားသည်။

နေ့စဉ်ရက်တိုင်း လင်းရှောင်က နန်းတော် ဒါမှမဟုတ်တစ္ဆေငိုညီးတောင်ကလပ် တစ်ခုခုတွင် ရှိနေသည်။ အချိန်အများစုမှာလည်း ထျန်းသောက်၏ အစီရင်ခံမှုကို နားထောင်ကာ သူတို့တွေ မဖြေရှင်းနိုင်သည့် အရာ ဒါမှမဟုတ် သူကူပေးရမည့် အရာများကို ကူညီပေး အကြံပေး လုပ်နေရသည်။ သို့သော်လည်း အပြင်ဖက်သို့ သွားရသည့် ကိစ္စများမှာလဲ ရက်သိပ်မကြာတတ်ပဲ တစ်ခါတစ်လေဆိုလျှင် ညဘက် ညစာစားချိန်တောင်မှ အချိန်မီ ပြန်လာနိုင်သည့် အခါတွေ ရှိသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now