အချပ်ပို ၁၇ ဖိုင်နယ်

1.2K 347 3
                                    

Chapter 730 (Extra 17) : Finale

”ယူရှောင်းမိုရော လင်းရှောင်ရော ဒီဘတ်စကတ်ဘော လာနေတာကို သိပေမယ့် ဘယ်သူမှ အရေးတယူ လုပ်မနေပေ။

သူတို့ ခြေလှမ်းများက ပေါ့ပေါ့ ပေါ့ပေါ့ လာတာသာ ရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာကို တစ်လှမ်းက နှစ်လှမ်း ဖြစ်သွားကာ သူ့နောက်က လျှောက်လာသည့် လင်းရှောင်ကို အသာလေး ကပ်ကျော်သွားကာ လမ်းဘေးက သံတိုင်ကို တိုက်မိသွားပြီး ၀ုန်းခနဲ အသံကျယ်ကြီး ထွက်လာသည်။ဘတ်စကတ်ဘော မှာ လင်းရှောင် ခြေရင်းကို တောက်ခနဲ လိမ့်လာပြီးနောက် သူတို့ နှစ်ယောက်စလုံး တစ်ချိန်တည်းမှာ ရပ်သွားကြသည်။

“ဟေး ဘရို၊ ဘောလုံးလေး ပြန်ပစ်ပေးလို့ ရမလား” ခေါင်းဝါ၀ါ မျက်လုံးပြာပြာနှင့် လူငယ်လေးက ၀ါယာကြိုးခတ် ခြံဝန်းအထဲကနေ သူတို့ကို လက်ယမ်းပြသည်။ ငယ်ရွယ်နုပျိုနေမှုက သူ့အမူအယာများတွင် လျှံ့ထွက်ရလောက်အောင်ကို သွက်လက်ချက်ချာလှသည်။

ရယ်မောနေပေမယ့်လဲ သူ့မျက်လုံးထောင့်များကတော့ ကော့တက်နေကာ မိုးနဲ့ မြေကို ကောင်းကောင်းမသိပဲ ရန်စမှုများ ပါဝင်နေသည်။ 

လင်းရှောင်က သူ့ကို ကြည့်ပြီးမှ သူ့မိန်းမဘက် ပြန်လှည့်ကာ “မိန်းမရေ။ သူ့လုပ်နေတာ ရန်စတာလို့ ယူဆလို့ ရလား” သူ့ခြေထောက်ရင်း ရောက်နေသည့် ဘောလုံးကို ဘတ်စကတ်ဘောဟု ခေါ်မှန်း သူသိသည်။ သူ့မိန်းမရဲ့ ဘောလုံးအသင်း ထဲက တစ်မျိုးပေါ့။ တီဗွီထဲမှာလဲ ဘတ်စကတ်ဘော ဆိုတာ ကမ္ဘာပေါ်က သွေးလေသွက်အောင် ကစားသည့် ကစားနည်းများထဲက တစ်မျိုးလဲ ဖြစ်သည်။ ပြီးတော့ ဘောလုံးကို ခြင်းထဲ ၀င်အောင် ပစ်နိုင်သရွေ့ နိုင်သည်။

ယူရှောင်းမို ချွေးစေးတွေတောင် ပြန်လာသည်။ “အဲလို မှတ်စရာမလိုပါဘူး။ ဘလိုင်းကြီး လာရန်စနေတာပဲကို”

လင်းရှောင်းနှုတ်ခမ်းများက အပြုံးသဲ့သဲ့လေး ပေါ်လာသည်။ ခြေလေး တစ်ချက် ခတ်လိုက်ပြီး ဘောလုံးကို ယူလိုက်ကာ လက်လေး တစ်ချက် အသာလှုတ်လိုက်တာနှင့်တင် ဘောလုံးက သူ့လက်ညှိုးထိပ်တွင် ချက်ချင်း လည်ပတ်လာသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now