အခန်း ၇၀၇

1.9K 409 4
                                    

Chapter 707: Failure

အခန်း ၇၀၇ ကျရှုံးခန်း

ချီလင်မျိုးနွယ်စု ဆုတ်ခွာသွားပြီးသည့် အခါတွင်မတော့ ပင့်ကူနက်မှာ စက္ကူကျားတစ်ကောင်လောက်တောင် ဟိတ်မရှိတော့ပေ။ လင်းမင်က ပင့်ကူနက်ကို ဖြေရှင်းဖို့အတွက် အဆင့်မြင့် သိုင်းပညာရှင် ခြောက်ယောက်ကို ချန်ထားခဲ့သည်။ လက်ရှိ အနေအထားနှင့် အရေအတွက် အရဆိုလျှင် ပင့်ကူနက် အရေးနိမ့်ရန်အတွက် အချိန်ကာလက အတိုအရှည်သာ ကွာလိမ့်မည်။ သူနှင့် လင်းကူကတော့ ပင်မတောင်ထွတ်ကို ဦးတည်လိုက်သည်။

နှစ်ယောက်စလုံး ပင်ပတောင်ထွတ်မှ နန်းတော်ကို သိပ်မကြာခင်ပဲ ရောက်ရှိသွားကြသည်။ လင်းမင်အနေနှင့် ဒီနန်းတော်တွင် နေထိုင်ခဲ့သည်မှာ နှစ်ထောင်နှင့်ချီ နေခဲ့သည်အတွက် နန်းတော်ကို သူ့လက်ဖမိုးပမာကို ကောင်းကောင်းသိလေသည်။ ထို့ကြောင့် တံခါးပိတ်ကျင့်ကြံရေးအတွက် လင်းရှောက်ယီ ဘယ်နေရာကို ရွေးချယ်မလဲ ဆိုသည်ကို သိရဖို့အချိန် သိပ်မပေးရပေ။

ချီလင်အရှင် အနေနှင့် အစဉ်အလာအတိုင်း နေထိုင်သည်က လွဲလျှင် ပင်မတောင်ထွတ်မှာ သူတို့ ဘိုးဘေးများကို မြုပ်နှံရာ နေရာ ဖြစ်သည်။ ချီလင်မျိုးနွယ်စုမှာ ဧကရာဇ်သားရဲများ ထဲမှ ဘုရင်ဟု ခေါ်ထိုက်သည် ဖြစ်ရာ သူတို့ သေဆုံးသွားပြီးတောင်မှ သူတို့၏ အလောင်းများတွင် အစွမ်းကြီးကြီးမားမား ကျန်ရစ်သေးလေသည်။ ထို့ကြောင့် သူတို့ကို မြုပ်နှံသည့် နေရာ ၏ စွမ်းအင်များစွာ ရှိလေသည်။

လင်းရှောက်ယီသာ အနန္တတန်ခိုးရှင် အဆင့်ကို တက်လှမ်းချင်လျှင် တံခါးပိတ်ကျင့်ကြံရန်အတွက် အကောင်းဆုံး နေရာမှာ နန်းတော် အနောက်မှ သချိုင်္င်းနေရာသာ ဖြစ်ပေသည်။ ထိုအတွေးကြောင့် လင်းမင်၏ မျက်နှာမှာ မှုန်သုန်လို့ သွားရသည်။ လင်းရှောက်ယီက ဘယ်လောက်တောင် အစွမ်းတွေ အပေါ် အရူးအမူး ဖြစ်သည်ကို ကြည့်ခြင်းဖြင့် သူတို့ ဘိုးဘေးများ၏ အရိုးများကို သူဘာလုပ်ဖြစ်မလဲ ဆိုတာ မပြောနိုင်ပေ။

နှစ်ယောက်သား အရှိန်မြင့်လိုက်ရသည်။ အဝေးကနေတောင်မှ နန်းတော်အနောက်က ထူထဲလှသော မြက်ခင်းပြင်ကြိးကို မြင်နိုင်လေသည်။ သူတို့ ဘိုးဘေးများကို မြုပ်နှံထားသည့် နေရာတွင်မူ ယခု အချိန်၌ မကောင်းသော စွမ်းအားများဖြင့် ဖုံးလွှမ်းလို့နေသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now