Chapter 684: Hero

3.1K 553 25
                                    

Chapter 684: Hero လူစွမ်းကောင်း

လင်းရှောင် ယူရှောင်မို အနားတွင် ပေါ်လာသည့် အချိန်မှာ အရင်ဆုံး ရရှိလိုက်ရတာတော့ ကန်ချက် တစ်ချက်ပင်။ ဝဝတုတ်တုတ် မဲမဲတူးတူး ခြေရာကြီးက သူ့ရဲ့ ဈေးကြီး ပေးဝယ်ထားရသည့် ဝတ်စုံပေါ်မှာ မင်းကုသ နှင့် ပပဝတီလို အကွာကြီး ကွာဟလို့ နေသည်။

လင်းရှောင်ကို ရှာဖို့ရာ ယူရှောင်းမို ခမျာ အဆောင်ထဲမှာ အကြိမ်ပေါင်းမနည်း လှည့်ပတ်ရှာ ပြီးတော့ မှော်ဆရာအစည်းအရုံးထဲကို ပြေး ဒါတောင်မှ ရှာလို့ မတွေ့။ ဒါနှင့် ထပ်ကာ ပတ်ရှာပြန်သည်။ ဝူဆောင်းဟိုတယ် ပါမကျန် ရှာပြီးသကာလ သူ အသံလွှင့် ကျောက်တုံး သုံးလို့ရတာကို သတိရသွားလို့ ထုတ်ဖို့ ကြံယုံရှိသေး လင်းရှောင်က ပေါ်လာသည်။

"မိန်းမရေ အကြမ်းပတမ်းနည်းက အဆုံးသတ် မကောင်းဘူးနော်" လင်းရှောင်က သူ့ရဲ့ အကျီပေါ်က ခြေရာကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။

သူ့ရဲ့ အပြောဆိုးပေမယ့် စိတ်ရင်းလေး ကောင်းတဲ့ မိန်းမလေးကတော့ မေးစေ့ကို ချီကာ "ရတယ်လေ မှတ်ထားလိုက်မယ်။" ချက်ချင်းကြီး ပြန်သာမပြောရင် သူ ယုံပေးချင် ယုံပေးမိဦးမည်။

လင်းရှောင်က ဘာမှတော့ ထပ်မပြောတော့။

ယူရှောင်းမိုက သူ့ဘာသာသူလဲ အကြာကြီး ထိန်းမထားနိုင်ပဲ သူကိုယ်တိုင်ကပဲ စကာ "ဒီတစ်ခါကော ဘာလုပ်နေတာလဲ မှန်မှန်ဖြေ ဖုံးမယ် ကွယ်မယ် မကြံနဲ့အပြစ်ပေး ပလိုက်မှာ"

လင်းရှောင်က လူထူလှသည့် လမ်းကို ဟိုကြည့် ဒီကြည့် ကြည့်ပြီးတော့ သူ့တို့ အခန်းဆီကိုပဲ ဆွဲခေါ်သွားသည်။ သူနှင့် လင်းမင်ရဲ့ ပြောစကားတွေကိုတော့ ယူရှောင်းမိုကို ဖုံးထားဖို့ လဲ သူ စိတ်မကူးထားပေ။ နောက်မှ ပေါ်သွားလျှင် အခက်။ ခွင့်လွှတ်ပေးတတ်တဲ့ သားတစ်ယောက် ရထားတာကို ကျေးဇူးတွေ အပုံကြီး တင်နေရမည့် လင်းမင်လိုမျိုး အဆုံးသတ်တော့ သူ အဆုံးမသတ်ချင်။

ဒါပေမယ့် ထုံထျန်းဧကရာဇ်နှင့် လင်းရှောက်ယီတို့နဲ့ ဆုံခဲ့ကြောင်းတော့ သူ မပြောချေ။ အဲဒိ အကြောင်းကို ရောချလိုက်တာတောင်မှ ယူရှောင်းမိုက နည်းနည်းလေးတောင် သံသယမဝင်ပေ။ ယူကျွင်ချီကို လင်းမင် မနာလိုဘူး ဆိုတာလဲ နားလည်ပေးလို့တော့ ရသွားသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now