အခန်း ၆၉၃ ခြုံခိုတိုက်ခိုက်ခြင်း

2.5K 531 12
                                    

Chapter 693: Ambush

အခန်း ၆၉၃ အလစ်ချောင်းမြောင်းတိုက်ခိုက်မှု

ယူကျန်ထျန်း၏ အော်သံကြောင့် အပြင်းအထန် တိုက်ပွဲဝင်နေသည့် နေရာမှ ရပ်တန့်သည့် ခလုတ် နှိပ်လိုက်သကဲ့သို့ တစ်စက္ကန့်လောက် တန့်သွားကာ အားလုံးလဲ ရပ်လိုက်ကြသည်။ သို့သော် နှစ်စက္ကန့်အကြာမှာတော့ တိုက်သံခိုက်သံ နှင့် အော်ဟဟ်သံတွေက တဖန် ထွက်ပေါ်လာပြန်သည်။

အားလုံးက အချင်းချင်း တိုက်ခိုက်နေကြကာ ဘယ်သူကမျှ ဒေါသပုန်ထနေသည့် ယူကျန်ထျန်းကို အဖက်လုပ်မနေ။ ထိုအထဲတွင် သွေးစွေးနီမျိုးနွယ်မှ ပညာရှင်များလဲ ပါသည်။ သူတို့ရဲ့ ပြိုင်ဘက်က ဆက်တိုက်နေမှတော့ အဲဒိမှာ ရပ်နေလျှင် သူများ သတ်တာပဲ ခံသွားရလိမ့်မည်။

ဒီတစ်ခါမှတော့ ယူကျန်ထျန်းမှာ ဒေါသထွက်ရလွန်းလို့ လည်ပင်းများပင် အကြောများ ဖုထလာသည်။

ယူကျန်ထျန်းသိသွားလို့ ဆိုပြီး အလစ်ဝင်တိုက်တာလဲ လျော့မသွားပေ။ အဲဒိအစား ပိုလို့တောင်မှ မြန်ဆန်လာကာ ချန်မဟာမိတ်က ဘယ်သူ့ကို တိုက်နေသလဲ ဆိုပြီး တစ်ချက်ကြည့်ပြီးတာနှင့် အနီးဆုံးလူကို တိုက်သင့် အဆင့်ဖြစ်လို့သွားသည်။

သွေးစွေးနီမျိုးနွယ်မှ ပညာရှင်တစ်ယောက်၏ ခေါင်းကို လက်သီးတစ်ချက် ကျရောက်ပြီးနောက် ထိုသူက အော်ဟစ်ကာ မိုးပေါ်ကနေ ပြုတ်ကျလာသည်။ ၀ုန်းခနဲ မြည်သွားအောင်ကို မြေပြင်မှ လေဒါဏ် မိုးဒါဏ်များဖြင့် ချွန်မြနေသော ကျောက်တုံးပေါ်သို့ ပြုတ်ကျခြင်းကြောင့် ချက်ချင်းပဲ ခေါင်းပေါက်ထွက်ကာ အသက်မထွက်ခင် စကားတစ်ခွန်းတောင် ထွက်မလာနိုင်ပေ။

ချန်မဟာမိတ်မှ တပည့်များမှာ အံသြလွန်းလို့ မေးရိုးများတောင် မြေပေါ်ခတော့မည်။ သူ့ဘေးနားမှ လူများသည်လဲ မထင်ထားသည့် အဖြစ်အပျက်ကြောင့် လုံးဝကို ထိတ်လန့်သွားသည်။ နောက်တစ်စက္ကန့်အကြာမှာတင် ချောင်းမြောင်းတိုက်ခိုက်သူက လေထဲတွင် ပုံရိပ်ပေါ်လာကာ တဖြည်းဖြည်းနှင့် လူပီသလာတော့မှပ ယူကျန်ထျန်းတစ်ယောက် ဘယ်သူဆိုတာ မြင်ရတော့သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now