အချပ်ပို ၁၈ ဘောလုံးအသင်း

1.5K 377 14
                                    

Chapter 731 (Extra 18) : The Qiu Team

အခန်း ၇၃၁ အချပ်ပို ၁၈ ဘောလုံးအသင်း

ထုံထျန်းတိုက်မကြီးနှင့် ယှဉ်လျှင် ကမ္ဘာကြီးမှာ ဘီလီယံနှင့် ချီပြီး သေးငယ်သော်လည်း ယူရှောင်းမိုကတော့ တစ်လ နှစ်လနှင့် တင် ပြန်ဖို့ အစီအစဉ်မရှိတာကြောင့် သူနှင့် လင်းရှောင် နေဖို့ မြို့လည်ခေါင်မှာ အိမ်ဝန်းကြိး တစ်ခု ၀ယ်လိုက်သည်။

တစ်ခါတစ်လေ ယူပေါ်နှင့် ယူလူတို့ လာကြသလို မာမားယူကလဲ ပါပါးယူကို ဆွဲခေါ်ကာ လာတတ်သည်။ လေးယောက်သား အတူလာသည့် အချိန်လဲ ၇ှိပေမယ့် အိမ်ကြီးက အရမ်းကို ဗလာကျင်းလို့နေကာ တစ်ရက်ကျတော့မှပဲ အသက်ဝင်လာတော့သည်။

"ပီချူ။ အမှိုက်တွေကို အမှိုက်ပုံးတဲ့ ထဲ့လို့ မပြောထားဘူးလား" ယူရှောင်းမိုက ကြမ်းပြင်ပေါ် ပလဲနေသည့် အခွံများကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူက အစေ့အဆန်လှော်များ ဘယ်လို စားရသလဲ ပဲ သင်ပေးလိုက်တာပါ။ ပထမတော့ ပီချူက အခွံတွေနှင့်ပါ စားပစ်သည်။ နောက်တော့ အခွံ့တွေ ထွေးထုတ်ရမှန်း သိသွားသည့် အခါမှာတော့ သိပ်ကို အရှုပ်တွေ လုပ်တော့သည်။

"တောင်းပန်ပါတယ်" ပီချူက ခေါင်းလေး ငိုက်သွားသည်။ အခွံ့တွေကို စားပွဲခုံပေါ် ရောက်အောင် လုပ်ရတာ ခက်လွန်းတယ်လို့ ထင်လို့ ဒီအတိုင်းလေး ရောက်ချင်တဲ့ နေရာ ရောက်ဆိုပြိး သူ့သခင် မကြည့်သည့် အခါလေး လုပ်မိတာပါ။ သူ့သခင်က ဒီလောက် အစောကြိး ပြန်လာမယ်လို့မှ မထင်ထားတာ။

"သားလေး....." ယူချွင်ချီ က ထိုင်ခုံပေါ်တွင် ဖရဲသီး ထိုင်စားရင်းနှင့် သူ့ကို အပြစ်မရှိသည့်မျက်နှာလေးဖြင့် လှမ်းကြည့်ကာ "ပီချူက သား သူ့ကို သနားအောင် တမင်လုပ်ပြနေတာ။ အဲလို ထင်မနေနဲ့နော်"

ယူရှောင်းမိုက စိတ်ဆိုးမာန်ဆိုးနှင့် "အဖေလဲ ဘာထူးလို့လဲ"

ယူချွင်ချီ နှုတ်ခမ်းဆူသွားတော့သည်

ယူရှောင်းမိုက သူ့ကို ဂရုကို မစိုက်နေတော့ပေ။ အဲဒိအချိန်မှာတင် သတ္တုဝါးမြိုသားရဲက သူ့ခေါင်းပဲကို ခုန်ချလာသည်။ အချိန်တွေ ကြာနေတာတောင်မှ သူက သေးနေတုန်းပင်။ လူသားပုံစံကို မပြောင်းနိုင်သေးပေမယ့်လည်း ပင်ပေါင်ချူကလဲ သူ့လိုပဲ ဆိုတော့ သူက အဖော်တော့ မဲ့မနေပေ။

The Legendary Master's Wife (MM 663 ~ 731)Où les histoires vivent. Découvrez maintenant