အခပျြပို ၁၀

1.3K 382 8
                                    

Chapter 723 (Extra 10) : Brotherly Love

အခန်း ၇၂၃ အချပ်ပို ၁၀ ညီအစ်ကိုအချစ်

နောက်တစ်နေ့ ယူရှောင်းမို သူ့အစ်ကိုနှစ်ယောက်ကို ညစာ စားချိန်အထိ လုံးဝ မတွေ့ပေ။

လင်းရှောင်နှင့် သူ၏ အဓိကကာကွယ်စောင့်ရှောက်ရမည့်သူမှာ မာမားနှင့် ပါပါးယူတို့ ဖြစ်သည်။ ညှိနှိုင်းပွဲက မနက်ဖြန်တွင် ပြုလုပ်မည် ဖြစ်ရာ သူတို့ နှစ်ယောက်မှာ အိမ်ထဲတွင်သာ နေကြသည်။ မာမားယူက နေသိပ်မကောင်းတာကြောင့် ဘယ်မှမသွားနိုင်ချေ။

ယူရှောင်းမို ကတော့ လင်းရှောင်ကို သူနှင့် အတူ တစ်နေ့ခင်းလုံး ဂိမ်းဆော့ခိုင်းလိုက်သည်။ လင်းရှောင် သိပ်မနပ်သေးသည့် ပထမဆုံးပွဲမှတပါး ကျန် ကစားပွဲတိုင်း ယူရှောင်းမိုသာ ရှုံးနေသည်။

ရှေးခောတ်ကာလက လူတစ်ယောက်ကို အရှုံးပေးရသည်ကို လက်မခံနိုင်သသည့် အတွက် ယူရှောင်းမိုက လင်းရှောင်ကို တစ်ပွဲပြီး တစ်ပွဲ ဆော့ခိုင်းရင်းနှင့် အခြားသူကို လာစောင့်ရှောက်သည့် သက်တော်စောင့် အလုပ် လုပ်နေသည်ကိုတောင်မှ မေ့သွားရသည်။ ဂျွန်ဆန်သာ သိလိုက်ရလို့ကတော့ သူတို့ နှစ်ယောက်ကို အရေခွံ့ နွှာလောက်သည်။

သို့သော်လည်း ယူမိသားစုဝင်တွေကတော့ ဘာမှ မပြောကြပေ။ အိမ်တော်ထိန်းတန်က သူတို့အတွက် အသီးများ အဆာပြေမုန့်များတောင် ယူလာပြီး သူတို့ ကြိုက်သလောက် ကစားဖို့တောင်မှ ပြုံးပြုံးရွှင်ရွှင် ပြောသေးသည်။ ယူလူနှင့် ယူပေါ်တို့ ပြန်လာသည့် အခါမှတော့ ဧည့်ခန်းက ထွက်လာသည့် အော်သံများ ကြားနေရတော့သည်။

“ကျွန်တော် အဲလောက် ဥာဏ်မထက်တာ သိရဲ့သားနဲ့ ဘာလို့ အနိုင်မပေးတာလဲ လေးဆယ့်ငါးကြိမ်တောင် ရှိနေပြီ။ တစ်နေခင်းလေးပဲ ဆော့လိုက်တာနဲ့ ဘာလို့ အရမ်း ပရိုဖြစ်သွားရတာလဲ။ မဆော့တော့ဘူး” ယူရှောင်းမိုက ဂိမ်းလက်ကိုင်ကို ဘေးကို ချလိုက်သည်။ လေးဆယ့်ငါးကြိမ်တောင်မှ ရှုံးသွားရသည့်နောက်တော့ သူ စိတ်လဲ မပါတော့။

လင်းရှောင်ကတော့ ပျင်းရိပျင်းတွဲနှင့် “မတတ်နိုင်ဘူးလေ။ ကို က အရမ်းတော်နေတာကိုး”

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now