Chapter 687 နယ်မြေ အဆင့်တက်ခြင်း

3.1K 605 23
                                    

Chapter 687: Dimension Evolution

ဟန်ကုန်း ဆိုသူက သောက်ရှင်းအကယ်ဒမီရဲ့ လျှို့ဝှက်ဆန်းကျယ်လှသော ကျောင်းအုပ်ဖြစ်လေသည်။

အစတုန်းကတော့ သောက်ရှင်းအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး ဟန်ကုန်းကို ရှာတွေ့ခဲ့လျှင် ကျောင်းကို ပြန်လာခဲ့ပေးဖို့ စကားအမှာပါးပေးမယ်လို့ ယူရှောင်းမိုတစ်ယောက် ဟေးထျန်းအကြီးအကဲကို ကတိပေးခဲ့သည်။ နောက်ကျတော့ ကိစ္စတွေက ရှုပ်သွားတာနှင့်တင် သူ တဖြည်းဖြည်းချင်း မေ့လျော့သွားခဲ့လေသည်။

ထုံထျန်းတိုက်မကြီးကလဲ ရှုပ်ထွေးနေတာမို့ လူတစ်ယောက်ကို ရှာဖို့ ဆိုတာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပင်။ သို့သော်လည်း သူသာ အစကတည်းက သွေးစွေးနီမျိုးနွယ်စုကို အာ မခံမိလျှင် ချန်မဟာမိတ်ကို သုံးပြီးတော့ ဟန်ကုန်းကို ရှာမယ်ဆိုလျှင် ရှာလို့ ရနိုင်သေးသည်။ ကံက မကောင်းချင်တော့ ကိစ္စတွေ ရှုပ်ကုန်တာနှင့် သူ အဲဒါကို စဉ်းကို မစဉ်းစားမိတော့ပေ။

ဟန်ကုန်းကို သေချာ မေးပြီးတာနှင့် ဟေးထျန်းအကြီးအကဲ ပြောလိုက်သော စကားများကို သူ ပြန်ပြောပေးလိုက်သည်။

ဟန်ကုန်းကလဲ လောကကြီးက ဒီလောက်ထိ ကျဉ်းကာ သောက်ရှင်းအကယ်ဒမီက ကျောင်းသားတစ်ယောက်နှင့် ပြန်ဆုံရလိမ့်မည်ဟု မတွေးခဲ့မိပေ။ သို့သော်လည်း သူ့အာရုံက ချက်ချင်းကို ယူရှောင်းမိုပြောသည့် အရာတွေပေါ်ကို ချက်ချင်းပြောင်းသွားရသည်။ သောက်ရှင်းအကယ်ဒမီရဲ့ အကာအကွယ် ဒိုင်း တောင်မှ ပျက်သွားရအောင် ဆိုတော့ တိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်ခဲ့လို့ပါလိမ့်ဟု တွေးမိသွားသည်။

ဟန်ကုန်းမှာ အံသြလွန်းလို့ အာမေဍိတ်သံတွေတောင် ထွက်ကုန်သည်။ သောက်ရှင်းအကယ်ဒမီမှာလဲ သူမရှိတဲ့ အချိန်မှာ တော်တော်လေး အခက်အခဲတွေ ကြုံခဲ့ရပုံ ပေါ်သည်။ သူသာ လျော့နည်းခြင်းငါးပါး အဆိပ်မိပြီးတော့ ဒီထုံထျန်းတိုက်မကြီးမှာပဲ အဆိပ်ဖြေနိုင်မယ်ဆိုတဲ့ အခြေအနေကြီးနှင့် သာ မကြုံခဲ့ရလျှင် သူလဲ သောက်ရှင်းအကယ်ဒမီကို ပြန်သွားခဲ့သည်မှာ နှစ်တွေ ချီကြာလှပြီ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now