အချပ်ပို ၆ လူသတ်မှု နောက်ကွယ်က အမှန်တရား

2K 448 16
                                    

Chapter 719 (Extra 6) : The Truth Behind the Murders

အခန်း ၇၁၉ အပိုင်းပို ၆ လူသတ်မှုရဲ့ နောက်ကွယ်က အမှန်တရား

သန်ဒါကလပ် အကယ်ဒမီ၏ မော်ကွန်းတိုက်အခန်းကို စာကြည့်တိုက်အသွင် တည်ဆောက်ထားသည်။ ကြီးမားလှသည့် အခန်းကြီးတွင် နီညိုရောင် စာအုပ်စင်များအပြည့် ဖိုင်များ ရှိလေသည်။

ဒါကို မြင်တော့ ယူရှောင်းမိုမှာ ရင်သတ်ရှုမော ဖြစ်ရသည်။ တောက်ရှင်းအကယ်ဒမီ ၏ စာကြည့်တိုက်က ဒီထက် နှစ်ဆ သုံးဆ ပိုကျယ်သည့် အတွက် ဒီအခန်းရဲ့ အရွယ်အစားကိုတော့ သူ မအံသြပေ။ တကယ်တမ်း သူ့ကို ရင်သပ်ရှုမော ဖြစ်စေတာကတော့ မရေမတွက်နိုင်သည့် ဖိုင်များသာ။ ဒီဖိုင်များကို ကြည့်ခြင်းအားဖြင့် သန်ဒါကလပ်အကယ်ဒမီ၏ သမိုင်းကြောင်းက ဘယ်လောက် ရှည်နေပြီ သလဲ ဆိုတာ ကြည့်လို့ရသည်။

လင်းရှောင်က သူ့အနား ရောက်လာကာ ခေါင်းကို ဖျတ်ခနဲ ရိုက်ထဲ့လိုက်ပြီး "ငေးမနေနဲ့"

ယူရှောင်းမိုက သူ့ခေါင်းကို တောင့်ထားကာ စိတ်ပျက်လက်ပျက်နှင့် လင်းရှောင်နောက် လိုက်ကာ အထဲ ၀င်လိုက်သည်။

နှစ်ယောက်သား ၀င်ပေါက်ကနေ ၀င်လာကြတာ ဖြစ်သည်။ ဒီမှာ ဖိုင်တွေ အများကြီး ရှိပေမယ့် တော်တော်ကြီးကို စနစ်ကျလှသည်။ ဒီက အလုပ်သမားများက ဖိုင်များကို နှစ်အလိုက် နောက် ကျောင်းသားများ၏ အသက်အလိုက် စီထားတာ ဖြစ်သည်။

ဟိုဖြစ်ရပ်က လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖြစ်ပေါ်ခဲ့တာ ဖြစ်သည့် အတွက် 20xx ခုနှစ်ကို ကြည့်ရမည်။

နှစ်ယောက်သား အထဲကို ဆက်ဝင်သွားကြသည်။ အထဲကို ၀င်လိုက်သည်နှင့် အတားအဆီးပေါင်း များစွာကို ကြုံရပေမယ့် သူတို့နှစ်ယောက်ကတော့ ဂရုမစိုက်ပေ။ 20** ခုနှစ်က ဖိုင်များဆီသို့ ရောက်ဖို့ သွားအချိန်မယူလိုက်ရပေ။ စာအုပ်စင်များ၏ ဘေးဘက်တွင် ထိုနှစ်မှ ကျော်ငးသားများ၏ နံပါတ်များကို ရေးသားထားသည်။ အတန်းသုံးခု ပေါင်းလျှင် ကျောင်းသားပေါင်း သုံးထောင်ကျော် ရှိလေသည်။

ယူရှောင်းမိုရော လင်းရှောင်ရော အလုပ်ကို ခွဲလိုက်ကြသည်။ ပထမနှစ်ကျောင်းသားများ ထဲတွင် အသတ်ခံလိုက်ရသူ ပိုများတာကြောင့် သူက ပထမနှစ်ကို ယူလိုက်ကာ ကျန်သည့် ဒုတိယနှစ်နှင့် တတိယနှစ်ပေါင်းနှင့် အတူတူလောက် သွားကျသည်။ အသတ်ခံသူများ၏ နာမည်နှင့် ရုပ်ကို သူ အလွတ်မှတ်မိထားပြီးသားပင်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now