အပိုင်း 678 လုံးဝကို ရံှူးသွားပြီ

3.2K 586 22
                                    

Chapter 678: Utterly Defeated

ယူခွှမ် နှင့် ယူရှောင်းမို၏ တိုက်ပွဲမှာ ဇူမားဘက်က တိုက်ပွဲထက်တောင် ပိုပြင်းထန်နေသည်။

အစတုန်းကတော့ သာလွန်းထူးကဲကျောက်တုံး၏ ကမ္ဘာလေးအထဲတွင် အဆင့်မြင့်မှော်ဆရာများ၏ တိုက်ပွဲမှာ ဒီလောက်အထိ များပြားနေမယ်လို့ မထင်ထားပေ။ သာလွန်ထူးကဲကျောက်စိမ်း၏ ဖိနှိပ်မှုများ ကြားထဲမှပင် သူတို့၏ အရှိန်အဝါကို ခံစားနေရသေးသည်။

လူအယောက်စီ အယောက်စီတိုင်းကကို ကိုယ်သဘောကျရာ မှော်ဆရာများကို စောင့်ကြည့်နေကြသည်။

ထိုအထဲတွင် ယူရှောင်းမိုနှင့် ယူချွမ်ကတော့ လူကြိုက်အများဆုံးပင်။

နှစ်ယောက်စလုံးမှာ သွေးစွေးနီမျိုးနွယ်စုကဟု သတ်မှတ်နိုင်သည်။ ယူရှောင်းမိုနှင့် သွေးစွေးနီမျိုးနွယ်စုကြားက ပဋိပက္ခမှာ ထုံထျန်းတိုက်မကြီး တစ်ခုလုံးကိုပင် ပျံနှံနေသည်။ အခုတော့ နှစ်ယောက်သား မျက်နှာချင်းဆိုင် တွေ့ကြပြီ ဆိုတော့ ဒါကပဲ လူတော်တော်များများကို စိတ်ဝင်စားစေသည်။

လင်းရှောင်က အောက်တွင် ယှဉ်ပြိုင်နေသော ယူရှောင်းမိုကို စိုက်ကြည့်နေသည်။ တော်ရုံမျက်စိနှင့် မမြင်နိုင်သည့် တဖျတ်ဖျတ်လက်နေသည့် ခရမ်းရောင် ရောင်ဝါတစ်ခု က သူမျက်လုံးကနေ တောက်ပနေပြီး မျက်စိတစ်ဖျတ် ခတ်လိုက်သည်နှင့်ပြန်လည် ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် ထူးခြားသည်ဟု ဆိုနိုင်သည့် လူတစ်စုက လူအုပ်ထဲကို တိုးဝင်လာပြီး ဟိုဟို ဒီဒီလှုပ်လှုပ်ရှားရှား လုပ်နေသည်။ ပြိုင်ပွဲမှာပဲ အရှိန်မြင့်နေတာမို့ လူတိုင်းက သာလွန်ထူးကဲကျောက်စိမ်းတုံးကိုသာ အာရုံ ရောက်နေပေမယ့် ဒီလူတွေကို သတိပြုမိသူ လူအနည်းငယ်လဲ ရှိသေးသည်။

ယူရှောင်းမိုက ပြိုင်ပွဲကို အာရုံစိုက်ထားချိန်တွင် သူ့နောက်ကနေ သတ်ချင်ဖြတ်ချင်သည့် အရိပ်အယောက်တစ်ခုကို အာရုံခံမိသွားသည်။ အနောက်ကို လှည့်မကြည့်ပေမယ့်လဲ ပရိသတ်ထဲမှ လာမှန်းတော့ သူသိသည်။

အဆိပ်သုတ်ထားသလို ထိပ်ပိုင်းလေးက မည်းနက်နေသည့် အပ်လေး သေးသေးလေး တစ်ချောင်း သူ့နောက်ကို ဖြည်းဖြည်းချင်းဆီ တရွေ့ရွေ့ ရွှေ့လာနေပေမယ့် ဒါကို သတိပြုမိဖို့ကတော့ ခဲယဉ်းလှသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now