အခန်း ၇၀၂ သူလျှို

2.2K 416 5
                                    

Chapter 702: Mole

အခန်း ၇၀၂ သူလျှို

အတိဒုက္ခအကဲဖြတ်မိုးကြိုးအနက်ရောက်ကြီး ကျရောက်လို့ အပြီး သုံးရက် ကြာခဲ့လေပြီ။ ရဲတင်းလှသည့် လူအချို့က တစ္ဆေသချိုင်းတောင်ကြောကြီးသို့ ခြေချပြီး သွားကြည့် ကြည့်တော့ အရိုးနုတောင်ကြီးမှာ အနက်ရောင် အကဲဖြတ်မိုးကြိုးကြောင့် တောင်ကြီး အဖြစ်မှ မယုံနိုင်လောက်အောင်ကို ပြင်ညီ ဖြစ်လို့နေသည်။

အရိုးနုတောင်မြင့်ကြီး၏ သဘာဝအတားအဆီး မရှိတော့သည့် နောက်တော့ နန်းတော်ကြီးကို ဖုံးကွယ်ထားရာ မည်သည့် အရာမျှ မရှိတော့ရာ လူအများရှေ့တွင် ဘွင်းဘွင်းကြီး ဖော်ပြသလို ဖြစ်နေသည်။ တစ္ဆေသချိုင်း တောင်ကြောကြီး အတွင်းနှင့် ရင်သပ်အံ့သြဖွယ် နန်းတော်လှလှကြီး တစ်ခု ရှိမှန်း ကြားဖူးကြပေမယ့် တွေ့ဖို့ အခွင့်အလန်း ဘယ်တုန်းကမှ မရှိခဲ့ကြရာ အခုတော့ တစ်ချက်လေး ကြည့်သည်နှင့်ပင် မျက်စိကန်း လုလုတောင် ဖြစ်ကုန်ရသည်။

ရလဒ်ကတော့ နန်းတော်အတွင်းတွင် မင်းသားနှစ်ပါး နေထိုင်ကြသည် ဆိုသော စကားလေး တစ်ခုက အရိုးဖြူမြို့တွင် လတ်တလော ရေပန်းအစားဆုံး သတင်း ဖြစ်လို့သွားသည်။

လင်းမင်နှင့် လင်းကူ ကတော့ မိုးကြိုးအကဲဖြတ်အပြီး သူတို့ကို လာကြည့်သေးသည်။ သို့သော်လည်း သူတို့၏ သီးသန့်အခန်းက ပိတ်ထားဆဲ ဖြစ်ကာ ထွက်မလာကြသေးပေ။ အထဲတွင် ယူရှောင်းမိုနှင့် လင်းရှောင်တို့ နှစ်ယောက် ဘာတွေ လုပ်နေကြသလဲ သူတို့ မသိပေမယ့် သူတို့တွေ အဆင်ပြေနေကြောင်း သိရတာနှင့်တင် သူတို့ စိတ်ချသွားရသည်။

လင်းကူက သက်မ ချလိုက်သည်။ “မင် သူတို့ ထွက်လာပြီးမှပဲ ငါတို့ သွားကြမလား” 

“ထပ်စောင့်လို့ မရလောက်တော့ဘူးနော်။ အချိန်က ကပ်နေပြီ။ နောက်ကျလို့ အခွင့်ကောင်းလွတ်သွားရင် နောက်တစ်ကြိမ် ဆိုတာ မရှိဘူး။ ဒီလို လုပ်မလား? သူတို့ ထွက်လာတာ စောင့်ဖို့ လူတစ်ယောက် ထားခဲ့လိုက်မယ်လေ။ သူတိုကလဲ နောက်ကနေ လိုက်လာမှာပေါ့” လင်းမင်ကလည်း လင်းရှောင်တို့ နှစ်ဦးကို စောင့်ချင်ပါသည်။ သို့သော်လည်း အချိန်နှင့် ဒီရေက လူကို စောင့်မနေ။ သူ ရထားသည့် သတင်းအရ အခုချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန် ဖြစ်နေသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now