အခန်း ၆၈၉ တစ်ဂူတည်း ကျားနှစ်ကောင် မအောင်းဘူး

2.6K 533 7
                                    

Chapter 689: One Mountain Cannot Hide Two Tigers

အခန်း 689 ဂူတစ်ဂူထဲမှာ ကျားနှစ်ကောင် မအောင်းဘူး

“ဖူး…”

ဆေးကြိုအိုးထဲမှ မီးခိုးအဖြူများ ရုတ်တရတ် ထိုးထွက်လာပြီး လေထုထဲတွင် ပျောက်ကွယ်သွားလေသည်။

ယူရှောင်းမိုကတော့ အိုးအတွင်းမှ ပျက်ဆီးသွားသည့် ဆေးပင် မည်းမည်းအပုံလိုက်ကို ကြည့်ကာ သူ့မျက်နှာပေါ်က သွေးတွေကိုသာ အသာလေး သုတ်လိုက်မိတော့သည်။ သူ ဘာမှကို ပြောချင်စိတ်လဲ မရှိတော့ပေ။ ဒီအိုးနှင့် ဆိုလျှင် သူ မအောင်မြင်တာ နှစ်ကြိမ်ရှိလေပြီ.

ပထမအကြိမ်တုန်းက ဆေးပင်များကို ပေါင်းခံသည့် အဆင့်မှာတင် အဆုံးမသတ်နိုင်အောင် များပြားသည့် ဆေးပင်တွေကြောင့် လေးရက်တာ အချိန်ကုန်ဆုံးသွားသည်။ သို့သော်လည်း ဆေးရည်များကို သန့်စင်သည့် အဆင့်တွင် အမှားသေးသေးလေးကြောင့် သူကျရှုံးသွားရသည်။ ဒုတိယ အကြိမ် ပြောရလျှင် ယခု အကြိမ်မှာလည်းပဲ သန့်စင်သည့် အချိန်မှာပင် အမှားတစ်ခု ဖြစ်သွားပြန်သည်။ ပြီးတော့ သူ ပြီးခါနီး အချိန်လေးတွင်မှ ဖြစ်သွားခဲ့တာလဲ ဖြစ်နေပြန်တာမို့ သူ့မှာ အချိန်ရှစ်ရက်ကြီးများတောင် ကုန်ဆုံးသွားခဲ့ပေမယ့်လည်း မအောင်မြင်တာကတော့ မအောင်မြင်တာပင်။

ဖုချန်ချုံး က သူ့ကို ဆေးသုံးဖုံစာပဲ ပေးခဲ့သည်။ ယခုတော့ သူ့ထံတွင် တစ်ဖုံစာသာ ကျန်ရစ်တော့သည်။ နောက်ထပ် တစ်ကြိမ်သာ ထပ်မအောင်မြင်ပြန်လျှင် ဖုချန်ချုံးကို သွားပြီး တောင်းတာ ဖြစ်စေ လူလွတ်ပြီး တောင်းတာ ဖြစ်စေ လုပ်ရတော့မည်။ သူ့နယ်မြေထဲတွင်လဲ စုဆောင်းထားသည်များ ရှိသော်ငြားလည်း…

ပျက်သွားသည့် အခေါက်များကို ပြန်တွေးကြည့်သည်နှင့် ကို ယူရှောင်းမို အရမ်းရှက်လာပြန်သည်။

ယခင်တုန်းက ချန်မဟာမိတ်မှ ဆရာလိုင် သံသရာဆေးလုံးကို ဖော်စပ်သည့် အခါတွင် ကြိမ်ဖန်များစွာ ကျရှုံးခဲ့သည်ကို သူကြားတုန်းက သိပ်အာရုံမထားမိခဲ့။ အဲဒိတော့ သူ့မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်ရိုက်သလိုတောင် ခံစားနေရသည်။ သိပ်မမော်ကြွားနဲ့ မော်ကြွားတာနှင့် ဒီလို ဖြတ်ရိုက်ခံရတာမျိုး ကြုံရမည်လေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now