အခန်း ၆၉၁ အဖွားကြီးရဲ့ သရုပ်မှန်

2.5K 466 23
                                    

Chapter 691: The Old Woman’s Identity

ဝေပိုင်ကတော့ နေမကောင်းသဖြင့် ဖြူဖျော့နေဆဲ ပေမယ့် ယခင်ကထက်တော့ အများကြီး သက်သာလာပုံရသည်။ ယခင်ကဆိုလျှင် ဝေ့ပိုင်၏ ပုံစံက ထာဝစဉ်အေးခဲကာ ဘယ်တုန်းအခါကမျှ အရည်ပျော်မသွားသည့် ရေခဲတုန်းကဲ့သို့ အေးစက်စက်နှင့် မှုန်မှိုင်းနေတတ်သည်။ အဲဒိတုန်းက သူဆိုတာကို ကျိန်တွယ်ပြမှ ရမည့် ပုံစံကို ပြောင်းလဲလာသည်။ ယခုဆိုလျှင် အသားအရည်ကလည်း အောက်ကို ဖောက်ထွင်းမြင်ရတော့ မတတ် ဖြူစုတ်မနေတော့ပဲ မျက်လုံးများကလည်း အသက်ဝင်လာသည်။ ယခင်အတိုင်း အားနည်းနေဆဲပုံစံပေမယ့် အရောင်တွေကတော့ ယခင်ကထက် များစွာ တက်လာသည်။

သူ ပြောင်းလဲ လာသည်ကို မြင်ရတော့ ဖုချန်ချုံးသည်လည်း ပေါ့ပေါ့ပါးပါး ဖြစ်လို့လာသည်။ သူ၏ တပည့် အငယ်ဆုံးလေး က စိတ်လက်လဲ ပေါ့ပါးလာသလို အများကြီးလဲ ပိုသက်သာလာသလို လွန်ခဲ့သော နှစ်နှစ်ကထက် ရောဂါသည်းသည်က ပိုလျော့လာသည်။ ဆိုတော့ ယူရှောင်းမိုနှင့် လင်းရှောင်တို့ ထာဝရရှင်သန်ခြင်းတောင်ကို ရောက်လာသည်ကို သိလိုက်ရကတည်းက သူ့တပည့်အငယ်ဆုံးလေးအတွက် သံသရာ ဆေးလုံး ဖော်စပ်ပြီးလို့ လာပို့မှန်းလဲ သိလိုက်သည်။

ယူရှောင်းမိုကလည်း ကွေ့ဝိုက်ပြောမနေပဲ သံသရာဆေးလုံးပါသည့် ဆေးပုလင်းကို ချက်ချင်းဆိုသလို ထုတ်လိုက်သည်။ ဆေးပုလင်းထဲတွင် အရောင်ဖျော့ဖျော့လေး ထုတ်လွှတ်နေသည့် ရေပြာရောင်မှော်ဆေးလုံးက နေရာယူလို့ထားသည်။ ဆေးလုံးကို မြင်ရသည်နှင့်တင် လတ်ဆတ်လှသည့် ဆေးပင်များ၏ အနံ့များ ရနိုင်သလို ခံစားချက်မျိုး ထုတ်လွှတ်ပေးလို့နေသည်။

ဝေ့ပိုင်တစ်ယောက်လည်း စိတ်တွေ လှုပ်ရှားပြီး တုန်ယင်လာသည်။

သူ့ဒါဏ်ရာဒါဏ်ချက်များကို သံသရာဆေးလုံးကသာ ကုစားပေးနိုင်ကြောင်း သိလိုက်တုန်းက စိတ်ဓါတ်များ ကျသွားပေမယ့်လည်း မျှော်လင့်ချက် သေးသေးမျှင်မျှင်လေးတော့ ထားသေးသည်။ သို့သော်လည်း နှစ်ပေါင်း တစ်ရာကျော် အချိန်ကုန်သွားတာတောင်မှ သံသရာဆေးလုံး၏ အရိပ်အမြွက်က လုံးဝ မရလာပေ။ ထိုအချိန်က သူ့အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ထပ်ဖြစ်လို့သွားသည်မှာ သူ့ရဲ့ ဟိုးယခင်က ဆရာ၏ တပည့်လေး ရောက်မလာခင်အထိဖြစ်ကာ ထိုသူလေးကပဲ သူ့ကို မျှော်လင့်ချက်ရောင်ခြည်များ သယ်ဆောင်လို့လာပေးခဲ့သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now