အပိုင်း ၆၈၂ လျှို့ဝှက်ချက်တွေ ပေါ်ကုန်ပြီ

2.5K 545 33
                                    

Chapter 682: Revealing Secrets

မြိုင်ဟေဝန် တစ်အုပ်လုံးတွင် ကျေးငှက်များ သားရဲများဖြင့် ပြည့်နှက်လို့နေသည်။

သုတ်ခနဲ တိုက်ခိုက်လိုက်သည့် လေတစ်သုတ် အပြီးတွင် ဟင်းလင်းပြင် တစ်နေရာ၌ လူနှစ်ယောက် ပေါ်ထွက်လို့ လာသည်။ တစ်ယောက်သော သူက ခေါင်းအစ ခြေအဆုံး ဝတ်ရုံနက်ဖြင့် ဖုံးအုပ်ထားတာကြောင့် အခြားသူများ၏ အမြင်ကို တမင်တကာ ဖုံးကွယ်ထားပုံလဲ ရသည်။

လင်းရှောင်က သူ့ကို ကိုင်ထားသည်ကို ရုန်းထွက်ကာ ဝတ်ရုံနက်နှင့် သူကို အကဲခတ်သလို စူးစူးစိုက်စိုက်ကြီး ကြည့်လိုက်သေးသည်။ ပြီးမှ တင်ပလ္လင်ခွေထိုင်ကာ သူ့ဒါဏ်ရာများ ပြန်သက်သာစေရန် စတင် ကုစားတော့သည်။ ဒီလူက သူ့ကို ကယ်လာမှတော့ သူ ကုစားနေတာကို အခွင့်အရေးယူပြီး သူ့ကို တိုက်မှာကိုတော့ ပူမနေတော့။

ဝတ်ရုံနက်နှင့် လူကလည်း စကားတစ်ခွန်းမျှ မပြောပေ။ လင်းရှောင်ကိုသာ ငြိမ်ပြီး ကြည့်နေသည်။ မသိလျှင် လင်းရှောင်ကို အနှောင့်အယှက်မပေးပဲ အနားကနေ ကြည့်နေဖို့ပဲ ကယ်လာသလိုပင်။

အချိန် ဘယ်လောက် ကုန်မှန်းမသိ ကုန်သွားပြီးတော့မှသာ တစ်ခုခုကို ဖိနှိပ်ထားသလို အက်ရှရှ ခပ်လေးလေး အသံတစ်ခု ထွက်လာသည် “ ငါ ဘယ်သူလဲ ဘာလို့ မင်းကို ကယ်တာလဲ မသိချင်ဘူးလား”

လင်းရှောင်က သူ့ကို အချိန်အတော်ကြာသည် အထိ စကား ပြန်မပြောပေ။ နာရီဝက်လောက် ကြာတော့မှသာ မျက်လုံးဖွင့်ကာ ဝတ်ရုံနက်နှင့် လူ၏ ဖုံးကွယ်မထားသည့် မျက်ဝန်းတစ်စုံကို ရင်ဆိုင်ကာ ခပ်ရိုးရိုးပဲ “သိပ်သိချင်တာပေါ့၊ ပြောတော့လေ”

“…..” ဝတ်ရုံနက်နှင့် လူက ဘာပြောရမှန်းတောင် မသိတော့ချေ။

ဒီလိုကြီး ပြန်ဖြေတာ ခံလိုက်ရတော့ ဝတ်ရုံနက်နှင့် လူမှာ အရသာခံပြီး ပြန်ဖြေချင်စိတ်တောင် မရှိတော့။ သူလဲ မှန်တာပဲ။ ဒီကလေးရဲ့ စရိုက်က ပစ်ချက်လေးတော့ နည်းနည်းရှိနေတာပဲ။

ဝတ်ရုံနက်နှင့် လူက ပြောဖို့ကို ချင့်ချိန်နေသေးသည် ပြီးတော့မှ “မင်းကို ပြောလို့ မရသေး….”

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now