အခန်း ၆၉၇ အားနည်းချက်တော့ ရှိကြတာပဲ

2.3K 481 9
                                    

Chapter 697: Everything Has a Weakness

အခန်း ၆၉၇ ဘယ်အရာမဆို အားနည်းချက်တော့ ရှိတာပဲ

ချန်မဟာမိတ်ဘယ်ဘက်ကို ရပ်တည်မလဲလို့ လူတိုင်း စောင့်ကြည့်နေချိန်မှာပဲ ယူချွင်ချွီတစ်ယောက်  ထာဝရရှင်သန်ခြင်းတောင်တွင် ထျန်းကူ၏ အကျယ်ချုပ်ချခြင်းကို ခံလိုက်ရတော့သည်။

လုံးလုံးကို စိတ်မပါ လုပ်ချင်စိတ်ကိုင်ချင်စိတ်မရှိကြောင်း နဖူးတွင် စာရေးထားသလို သိသာလှသည့် သူ့ရဲ့ လူကပ်လှသည့် ဖေဖေကို ယူရှောင်းမို လူကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ဆုံရသေးသည်။ ယူရှောင်းမိုကို မြင်တော့ သူယခင်က ပုံစံလိုမျိုး အနားကို ချက်ချင်းလာပြီး အတင်းကပ်နေတာမျိုး မလုပ်ပဲနှင့် သူ့ကို အင်မတန်မှ ခါးသီးလှသည့် မျက်နှာနှင့် ကြည့်လို့သာ နေသည်။

အဖေရော သားရော နှစ်ယောက်စလုံးမှာ ခါးသက်သက်ရှုံ့တွတွမျက်နှာ ပုံတူ ကူးထားသလားတောင် ထင်ရသည်။

အဲဒါကို ကြည့်ပြီးတော့ လင်းရှောင်ကတော့ အတော်ကို ထူ့းခြားဆန်းကျယ်လှသည်ဟု အမြဲတွေးမိတတ်သည်။ ယူရှောင်းမိုမှာ အခြားကမ္ဘာက လာသော နာမ်လိပ်ပြာ ဖြစ်ကြောင်း သူသိသည်မို့ ယူရှောင်းမိုနှင့် သူ့အဖေက ပြောရလျှင် တကယ့် သားအဖမဟုတ်ချေ။ သို့သော်လည်း တစ်ခါတစ်လေ ဖြစ်ပျက်သွားသော အမူအယာများက အံသြစရာကောင်းလှအောင်ကို တူညီလှသည်။

ရူးနှမ်းနေသည့် သူက သူတို့ နှစ်ယောက် သားအဖ မဟုတ်ဘူးလို့ ပြောပေလိမ့်မည်။

“အဖေ သိပ်ပြီး သနားစရာကောင်းအောင် လုပ်မနေနဲ့။ အဖေတွေးသလောက်ကြီးထဲ ဆိုးရွားနေတာလဲ မဟုတ်ပါဘူး” ယူရှောင်းမိုက သူ့အဖေ၏ လက်မောင်းကို ဖက်တွယ်ကာ သူ့ကို ပြုံးပြရင်း ပြောလိုက်သည်။

ဒါပေမယ့် ယူချွင်ချွီကတော့ သူပြောသမျှကို ၀ယ်မနေပေ။ ပျော်သွားရမည့်အစား ဟွန့်ခနဲ လုပ်ကာ “ငါထင်သလို ဘယ်လိုလုပ်မဆိုးရွားပဲ နေမှာလဲ။ ငါ့သားက င့ါကို ပစ်ထားတော့မှာမလို့ ငါ က ဘယ်လိုလုပ် လိုက်မလာပဲ နေရမှာလဲ”

ယူရှောင်းမို ခေါင်းကုပ် ဖင်ကုပ် ဖြစ်သွားသည်။

သူလဲ အဲလို မလုပ်ချင်ပဲ လုပ်လိုက်ရတာပါပဲ။ ဒီလိုသာ မလုပ်ပဲ နေရင် သူ့ရဲ့တောက်တဲ့လို အဖေက မလာပဲ နေမှာပေါ့။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now