အခန်း ၆၉၆ ဖြေရှင်းပြီး

2.2K 460 9
                                    

Chapter 696: Resolved

အခန်း ၆၉၆ 

ထုံထျန်းတိုက်မကြီး တစ်ဝှမ်း ယူကျန်ထျန်း သေသွားပြီ ဆိုသည့် သတင်း ပျံ့နှံ့သွားရန် အတွက် သုံးရက်တောင် မကြာလိုက်ပေ။

တိုက်မကြီးတောင်ပိုင်းမှ တိုက်ပွဲကို စောင့်ကြည့်သူနေသူ လူအများအပြားရှိလေသည်။ အဘယ့်ကြောင့် ဆိုသော အင်အားကြီး အဖွဲ့နှစ်ဖွဲ့၏ တိုက်ပွဲများမှာ လူအများအပြားကို ထိခိုက်စေနိုင်လေသည်။ ထို့အပြင် တစ်ဖွဲ့ဖွဲ့မှသာ ရှုံးသွားပါက ထုံထျန်းတိုက်မကြီး၏ မျှချေအားကို အကြီးအကျယ် ထိခိုက်စေနိုင်သေးသည်။ ထိုသို့ စောင့်ကြည့်နေသူများမှာ အခြေအနေ အရပ်ရပ်ကြားမှပင် ပွဲ့လန့်ရာ ဖျာဝင်ခင်းမည့် သူများ အကျန်ကို ကောက်စားဖို့ စောင့်နေသူများ  သာ ဖြစ်ကြသည်။

သို့သော်ငြားလည်း ယူကျန်ထျန်း သေဆုံးသည့် သတင်းမှာမူ မည်သူမျှ မထင်ထားသည့် သတင်း ဖြစ်ရာ ထို သတင်းကို ကြားလိုက်ရသည့် အချိန်တွင် အတော်များများက မယုံကြည်ကြပေ။ အထွတ်အထိပ်အဆင့် ကြယ်ခုနစ်ပွင့်သိုင်းပညာ ရှင် ဆိုသည်မှာ အလွယ်တကူ သေဆုံးသွားမည့်သူမဟုတ်သလို တိုက်မကြီး တစ်ခုလုံးတွင် အနည်းအကျဉ်းသား ရှိသူမို့ ထိုသတင်းမှာ အံသြနဘန်းကို ဖြစ်သွားစေသည်။

သို့ပေမည့်လည်း ဒီအဖြစ်အပျက်တွင် ဆုံးရှုံးမှု အများဆုံးမှာ သွေးစွေးနီမျိုးနွယ်စု ဖြစ်လို့သွားသည်။ ဤကဲ့သို့သော နှစ်နှင့်ချီတည်ရှိနေသည့် မျိုးနွယ်စုကြီးတစ်ခုက အထွတ်အထိပ်အဆင့် သိုင်းပညာရှင် နှစ်ယောက် ဖြစ်သည့် လေဒီယင်နှင့် ယူကျန်ထျန်းကို ဆုံးရှုံးလိုက်ရသည်။ အခုတော့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသာ ကျန်ရှိတော့သည့် အတွက် အင်အားကြီးအဖွဲ့တစ်ဖွဲ့ အဖြစ်မှ အဆင့် ကျသွားသည်သာ မက ချန်မဟာမိတ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရသည့် အတွက် သွေးစွေးနီမျိုးနွယ်စုမှ သိုင်းပညာအတော်များများဆုံး ဆုံးရှုံးလိုက်ရကာ ယခုဆိုလျှင် ဆုတ်ယုတ်လာသည့် မျိုးနွယ်စုတစ်ခု အဖြစ်သို့တောင် ရောက်ရှိလာသည်။

ယနေ့ အချိန်တွင် အတော်များများက ချန်မဟာမိတ်၏ သဘောထားကို စောင့်ကြည့်လို့ နေကြသည်။ သွေးစွေးနီမျိုးနွယ်စုက လူအများ သွားရည်ကျစရာ မုန့်တုံးကြီး တစ်ခု ဖြစ်လို့နေသည်။ ယူကျန်ထျန်း၏ ကာကွယ်ပေးမှု မရှိသည့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများမှာ အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ပေ။ 

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now