အချပ်ပို ၁၂ မွှေကြမယ်

1.3K 382 12
                                    

Chapter 725 (Extra 12): Playing Around

ဂျွန်ဆင် အရှေ့ထွက်လာပြီး တောင်းပန်လိုက်သည့် အခါမှာတော့ ညှိနှိုင်းပွဲကြီး ပြန်စနိုင်သွားသည်။ ဂျွန်ဆန်ကို မြင်လိုက်ရသည့် အခါမှသာ ဟိုနှစ်ယောက်က ငမန်းဖြူအဖွဲ့ဝင်တွေမှန်း လီမိသားစု သိလိုက်ရသည်။ ယူရှောင်းမို ၏ မျိုးရိုးက ယူ ဖြစ်နေတော့ ယူမိသားစုထဲက တစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ သံသယ၀င်နေသေးပေမယ့် ယူမိသားစုထဲတွင် ယူရှောင်းမို ဆိုသော နာမည် ရှိလား ဆိုတာ သူတို့ မသိစရာ အကြောင်းမရှိပေ။

လီမိသားစုက အပြစ်လိုက်ရှာ ဇာချဲ့မနေသော်လည်း ယူမိသားစုဘက်က လေးယောက်က တဖြည်းဖြည်းနှင့် စိတ်မပါကြတော့။ အပြင်ဖက် ကြည့်နေသူက ကြည့်၊ ခေါင်းကြီး ငုံ့ကာ အတွေးများသူက များနှင့် တစ်ခုခုကို အတွေးရောက်နေကြပုံရသည်။ ရလာဒ် အနေနှင့်ကတော့ ယူမိသားစု ကသူ တို့ကို အလေးမထားဟု စွပ်စွဲကာ အစကတည်းက သူတို့မှာ ညှိနှိုင်းလိုစိတ်မရှိဟု ပြောကုန်ကြသည်။ ဒီလိုကြီးသာ ဆက်သွားနေလျှင် အားလုံး၏ အချိန်တွေက အလဟသတ်သာ ဖြစ်ကုန်ရော့မည်။

လီမိသားစုက ကျိုင်းကောင်တွေလိုပင်။ ရရာ အချက်ကို အတင်းနင်းပြောတော့သည်။ ငြိမ်းချမ်းရေး စကား မပြောချင်တာ သူတို့ မဟုတ်ကြောင်း ပြချင်ယုံသာ မက သူတို့ကပဲ အကြောင်းပြချက် လိုချင်ကြသေးသည်။ အားနှင့် မာန်နှင့် ပြောသည်ဖြစ်ရာ တံတွေးများတောင်မှ အပြင်ကို ခုန်ထွက်လာကာ သူတို့ကပဲ သြ၀ါဒ ပေးနေသလိုမျိုးပုံတောင် ပေါက်လာသည်။ သူတို့ ပြောတာကို ကြားတော့ အချို့တွေက မျက်မှောင်အနည်းငယ် ကြုပ်လာကြတော့သည်။ လီမိသားစုက ယူမိသားစုနှင့် မညှိနှိုင်းချင်ဘူး ဆိုလျှင်တောင်မှ ဒီလောက်ထိ အလွန်အမင်းတွေ လုပ်ပြနေစရာ မလိုပေ။

ယူမိသားစု၏ အပြုအမူတွေကလဲ အလွန်ထူးဆန်းလှသည်။ သူတို့ကို သိသူတိုင်းက ဒီမိသားစုက သူတို့ အရေးနိမ့်တာကို မကြိုက်မှန်း အကုန်သိကြသည်။ ဒါပေမယ့် ဒီနေ့ကတော့ အားလုံးက တိတ်ဆိတ်နေကာ တစ်ခုခုကို တွေးနေပုံ ရသည်။ တစ်ချို့ကလဲ တစ်ခုခုတော့ လွဲနေမှန်း ခံစားမိကြသည်။ သို့သော် သူတို့ ဘာကြောင့်မှန်း စဉ်းစားလို့ မရသေးခင်မှာတင် လီဟုန်က လီမိသားစုကို ဦးဆောင်ကာ အစည်းအဝေးအခန်းပြင်ကို ဒေါနှင့် ထွက်သွားလေသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now