အချပ်ပို ၁၄ တွေ့ပြီ

1.2K 359 8
                                    

Chapter 727 (Extra 14) : Meet Up

ညှိနှိုင်းဆွေးနွေးပွဲမှာလဲ ယူရှောင်းမို အထိတ်တလန့် ထွက်ပြေးသွားတာနှင့် သာ အဆုံးသတ်လို့ သွားရသည်။

ထို သမန်းဝံပုလွေ၏ ကျင့်ကြံဆင့်မှာလည်း စိတ်ဝိဥာဉ်အဆင့်မျှသာ ရှိသည်။ ကမ္ဘာမြေလို အဆင့်နိမ့်ဘုံတွင်တော့ သူက အစာကွင်းဆက်၏ ထိပ်ဆုံးအဆင့်မှာ ရှိနေမှာ ဖြစ်သည်။ ယူရှောင်းမိုနှင့် လင်းရှောင်ကြောင့်သာ မဟုတ်လျှင် သူက တကယ်ကြီး ကမ္ဘာကြီးကို ကြီးစိုးသူ ဖြစ်သွားလိမ့်မည်။

လီမိသားစုကတော့ သမန်းဝံပုလွေ၏ ထောက်ပံ့မှု မရှိတော့သည့်နောက် လဲပြိုကျသွားဖို့ အချိန်သိပ်မကြာလိုက်ပေ။

အင်အားထပ်မံ မဖြည့်တင်းနိုင်သည့် ခံတပ်အလား၊ အခြားသော အင်အားကြီးမိသားစုများ၏ ထောက်ပံ့မှု မရရှိသည့် လီမိသားစုမှာ နှစ်ရက်အတွင် ပြိုလဲသွားလေသည်။ ထိုအချိန်မှစကာ အင်အားကြီးမိသားစု များအကြားတွင် လီမိသားစုမှ ဆံပင်တစ်မွှေးတောင် မမြင်ရတော့သည့် အထိဖြစ်လို့သွားသည်။ သူတို့၏ အင်အားများမှာလဲ အခြားသော မိသားစုများ၏ လွှမ်းမိုးခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ခွဲထုတ်ခြင်းမှာ ခံလိုက်ရကာ လီမိသားစု၏ အဆင့်မြင့် မှော်ဆရာကိုတောင်မှ အလွတ်မပေးကြပေ။ အဲဒိနောက်မှာတော့ ထို ကိစ္စအကြောင်းကို ဘယ်သူကမှ အစတောင် မဖော်ကြတော့ပေ။

ယူရှောင်းမို အတွက်ကတော့ ဒါတွေအားလုံးမှာ ဘောက်မ၀င်တန်းမ၀င်ချည်းသာ။

သူ့အကြောင်း ပေါ်သွားပြီးကတည်းက ယူမိသားစုဝင် လေးယောက် စလုံးက သူနှင့် တွေ့ဆုံခွင့်ရရှိရင် အင်အားကုန် သုံးသည် အထိ ကြိုးစားကြသည်။ သူကတော့ သူ့ကိုယ်သူ စိတ်ထဲမှာ မပြင်ဆင်ရသေးတာကြောင့် ဒီလူတွေနှင့် မတွေ့ရဲတာမို့ ဆက်လက်ပြီး ရှောင်ပုန်းလို့သာ နေသည်။

ငမန်းဖြူအဖွဲ့ကို ပြန်မသွားပေမယ့်လဲ ဂျွန်ဆန်ကတော့ သူတို့အကြိုက်နေပါစေ ဟုသာ လွှတ်ထားလိုက်ရသည်။ သူတို့လဲ နားမလည်သည့် အရာမှ မဟုတ်ပဲ။ သို့သော်ငြားလည်း ယူရှောင်းမို သူ ဒီလောက် ရှောင်ပုန်းနေသည့် ကြားကတည်းက အဆုံးမှာ တော့ ဖမ်းမိ သွားသေးမယ်လို့ သူလုံးဝ မထင်ထားပေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now