အခန်း ၇၁၁ နိုင်တာလား ?

2.5K 502 23
                                    

Chapter 711: Victory?

တစ်ဖက်လူ ဘာလုပ်ရန် ကြံနေသလဲ ဆိုသည်ကို လင်းရှောက်ယီ သိလိုက်ချိန်တွင် အချိန်လွန်သွားခဲ့လေပြီ။ ချီလင်မီးတောက်ကြီးမှာ ပါးစပ်ကြီးကို ဖွင့်ချလိုက်ကာ အဲဒိကနေ အလွန်တရာမှ အားကောင်းလှသော အင်အားကြီး တစ်ရပ် ပေါ်ထွက်လာကာ မျက်နှာဖုံးကို ဦးတည်ပြီး စုပ်ယူလိုက်သည်နှင့် သွေးတိမ်တိုက်ကြီးမှာ အထဲကို အစုပ်ယူခံလိုက်ရသည်။ လင်းရှောက်ယီက ပြန်ဆွဲရန် ပြင်ချိန်တွင် သွေးတိမ်တိုက်ကြီး၏ သုံးပုံတစ်ပုံမှာ ချီလင်မီးတောက် ပါးစပ်ထဲကို ရောက်နှင့်ပြီး ဖြစ်လို့နေပြီ။

အနားမှာ ရှိသည့် လူတိုင်းမှာ တဂျွတ်ဂျွတ် ၀ါးစားနေသလို အသံတောင် ကြားနေရသလို ခံစားလိုက်ရသည်။ မျက်နှာဖုံးကြီး တစ်ဝက်လောက် အ၀ါးမြို ခံလိုက်ရဖို့ အချိန် ဘယ်လောက်မှ မပေးလိုက်ရပေ။ မျက်နှာဖုံးကြီးမှာ သွေးစိမ်းရှင်ရှင် နာကျင်နေသလို အော်သံကြီးက လူတိုင်း၏ နားထဲကို အလုံးလိုက် ၀င်ချလာသည်။ အချို့မှာ နားများ ပိတ်ထားသော်လည်း သိပ်တော့ ကွာခြားမသွားပေ။

“ခွေးမသား” လင်းရှောက်ယီ ဒေါသနှင့် ကော်ဆဲသံကြီး ထွက်လာသည်။ သူ့မျက်နှာတစ်ခုလုံးမှာလဲ သွေးများ ထွက်တော့ မလားထင်ရအောင်ကို နီရဲတက်လာသည်။ သွေးတိမ်တိုက် အတွင်းတွင် သူ့စွမ်းအား အကုန်ပုံအော ထားတာ ဖြစ်ပေမယ့် သူဘယ်လောက်ပဲ ထပ်ကြိုးစား ကြိုးစား လိုက်မမှီနိုင်တော့ပေ။ မျက်နှာဖုံးကြီးမှာ တဖြည်းဖြည်းချင်း အဆွဲယူခံရပြီး ချီလင်မီးတောက်ကြီး၏ တစ်စတစ်စ ၀ါးမြိုခြင်း ခံနေရသည်။

အခြေအနေမှာ သူ့အတွက် လုံးဝ မကောင်းချေ။ လင်းရှောက်ယီမှာ အံကိုကြိတ်ကာ ရင်နာနာနှင့်ပဲ တိမ်တိုက်ကြီး အကုန်လုံးကို ချီလင်မီးတောက်ကြီးက အကုန်း ၀ါးမြိုသွားမည်ကို စိုးရိမ်သည့် အလား သူ့အတွက် စွမ်းအား အနည်းငယ်ကိုသာ ပြန်သိမ်းပြီး တိမ်တောင်ကြီး၏ စွမ်းအား အများအပြားကို စွန့်လွှတ်လိုက်ရတော့သည်။ အခုထိ လင်းရှောင် ဘယ်က ဘယ်လို မီးတောက်ဖြူကြီး ရလာမှန်း သူနားမလည်နိုင်သေး။ ပြောရကြေးဆိုလျှင် သူ့မှာ ရှိသည့် အရာအတိုင်း လင်းရှောင် လက်ဝယ်မှာလဲ ရှိနေလျက်နှင့် လင်းရှောင်ဆီမှာ ရှိတဲ့ ဟာ တစ်ခုက သူ့မှာ ဘာလို့ မရှိရတာလဲ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now