အခန်း ၆၇၃

2.5K 545 7
                                    

အခန်း ၆၇၃ အကွက်တစ်ကွက် ရွှေ့မယ်

မှိုပွင့်သဏ္ဍာန်အဆောက်အသီးမှာ မှော်ဆရာ အစည်းအရုံး၏ အရေးပါဆုံး နေရာ ဖြစ်သည်။ အတွင်းတွင် အဖိုးတန် ပစ္စည်းများစွာ သိမ်းဆည်းထားကာ ထိုအရာများသာ အဖျတ်ဆီး ခံလိုက်ရပါက အစည်းအရုံးကြီး ၏ အခြေခံ အုတ်မြစ် ကို ထိခိုက်သွားနိုင်လောက်အောင် ဆုံးရှုံးမှုများလှသည် ဟုတောင် ဆိုနိုင်သည်။

လူလတ်ပိုင်း လူကြီး ထိုအဆောင်ထဲကို ဝင်သွားကာ သူ့အဆင့်အတန်းကို အသုံးပြုပြီး အတားအဆီးမရှိ လှုပ်ရှားသွားလာနိုင်သည်။ ဒီလိုနှင့် ဒုတိယအထပ်ကို အမြန်ရောက်ရှိသွားသည်။ ဒုတိယထပ်မှာ ပထမထပ် ထက်ပင် အစောင့်အကြပ်ပိုများကာ နှစ်မီတာ တိုင်းမှာ အစောင့် နှစ်ယောက် ရှိသည်။ လုံခြုံရေးကလဲ တင်းကြပ်လှတာမို့ အသက်လတ်ပိုင်းလူကြီးတောင်မှ မျက်မှောင်တွေ ကြုပ်လာသည်။

အစကတော့ တတိယထပ်ကို သွားကြည့် မလိုပင် သို့သော်လည်း တံခါးကို ဖြတ်လျှောက်ပြီးယုံသာ ရှိသေးသည် အတားအဆီးနှင့် တိုးတော့သည်။

လူလတ်ပိုင်း လူကြီးက သူ့သက်သေခံပြားကို အစောင့်ထံသို့ ကမ်းပေးလိုက်သည်။ ကံမကောင်းစွာနှင့် အစောင့်က တစ်ချက်ပဲ ကြည့်ကာ ပြန်ပေးပြီးတော့ “အပေါ် တက်လို့ မရဘူး” ဟု ပြောလာသည်

လူကြီးမှာ ကြောင်သွားကာ “ဘာလို့မရတာလဲ”

အစောင့်ကနေ “ခွင့်ပြုချက် အပြည့်မရထားဘူး”

လူလတ်ပိုင်း လူကြီးက ထပ်မေးသည်။ “ဒါဆို အပေါ်ထပ်ကို သွားဖို့ ဘယ်အဆင့် လုပ်ပိုင်ခွင့်နဲ့မှ ရမှာလဲ”

အစောင့်က “အကြီးအကဲချုပ် ဒါမှမဟုတ် တက္ကသိုလ်က ခေါင်းဆောင်ရဲ့ ခွင့်ပြုချက် မရပဲ အပေါ်ကို ဘယ်သူ့ကိုမှ တက်ခွင့် မပေးဘူး”

လူကြီးက မျက်မှောင်ကြုပ်သွားသည်။ ဒီလောက် ကိစ္စတွေ များလိမ့်မည်ဟုကို သူမထင်ထားပေ။ အစတုန်းကတော့ ဒီ သက်သေခံပြားကို ရပြီဆိုလျှင် တတိယထပ်ကို သူ သွားလို့ ရပြီလို့ ထင်ထားတာပင် သို့သော် သူက ဟို အဖိုးကြီး နှစ်ယောက် ဆီက ခွင့်ပြုချက်တောင် လိုနေသေးသည်။ ဒါက အဆင့်တက်တာထက်တောင်မှ ခက်သေးသည်။ အဲဒိ နှစ်ယောက်က လက်ပေါက် ကပ်က ကပ်နှင့် သူသာ သွားမေးကြည့်ပါလား သေချာပေါက် သံသယအဝင်ခံရမှာ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now