အပိုင်း ၆၉၅ ပြီးသွားပြီလား?

2.8K 550 17
                                    

Chapter 695: It’s Over? 

အခန်း ၆၉၅ - ပြီးသွားပြီလား?

တိုက်ပွဲက ပြီးဆုံးရန် နီးကပ်လာချေပြီ။

သွေးစွေးနီမျိုးနွယ်စုနှင့် ငွေနဂါးမျိုးနွယ်စုမှ တိုက်ခိုက်ရေးသမား အများစုက သေလျှင် သေ မသေလျှင် ဒါဏ်ရာများ ရရှိကုန်ပြီ ဖြစ်သည့် အချိန်တွင် ချန်မဟာမိတ်မှလူများကတော့ ထိခိုက်ဒါဏ်ရာ မရသလောက် အကောင်းပကတိ ရှိနေသေးသည်။ နှိုင်းယှဉ်ကြည့်မည် ဆိုလျှင်လည်း ချိန်မဟာမိတ်မှ လူများက သူတို့၏ ရဲဘော်ရဲဘက်များ' လုံခြုံရေးကို ပိုဦးစားပေးကြသည်။

သူတို့၏ ရန်သူကို သတ်ဖို့အတွက်ပဲ ခေါင်းထဲ မထဲ့ထားပဲ သူတို့၏ မိတ်ဆွေတစ်ယောက် အန္တရာယ်တောထဲ ရောက်နေပြီ ဆိုတာကို သတိပြုလိုက်မိလျှင် တစ်ယောက်ယောက်က အဲဒိကို သွားကူသည်သာ။ လေဒီယင် သူ့ကိုယ်သူ ဖျတ်ဆီးလိုက်သည့် အချိန်တွင်လည်း သူတို့ ဟိုးအဝေးကြီးမှာ ရောက်နေသူများ မို့ ချန်မဟာမိတ်၏ လူများထဲတွင် ထိခိုက်သူ အလွန်နည်းပါးလှသည်။

အခြားတစ်ဖက်မှာတော့ သွေးစွေးနီမိသားစုက တိုက်ခိုက်သူ အချို့မှာ အချိန်မှီ ပြန်မဆုတ်နိုင်တာမို့ ဒါဏ်ရာ ပြင်းထန်စွာ ရရှိသွားကြသည်။ အဲဒိနောက်မှာတော့ ချိန်မဟာမိတ်မှ လူများက တရှိန်ထိုး တိုက်စစ်ဆင်လိုက်ကာ အပြီးသတ် ချေမှုန်းပစ်လိုက်ကြသည်။

 ယင်လိန်မှာလဲ သူ့သမီး၏ သေဆုံးမှုကြောင့် ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းမရှိသလောက်ကို ရိုက်ခတ်မှု ပြင်းထန်သွားလေသည်။ ကံကောင်းစွာနှင့် ဆင်ခြင်မှုက မရှိသလောက်သာ ဖြစ်သွားပေမယ့် သူက မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်ဆိုတာ သတိရနေသေးသည်။ သူ သည်လည်း သေဆုံးသွားခဲ့မည် ဆိုလျှင် ငွေနဂါးမျိုးနွယ်တစ်ခုလုံးလဲ ရှုပ်ထွေးကုန်လိမ့်မည်။

သွေးစွေးနီမျိုးနွယ်စုဝင် အတော်များများလဲ တိုက်ပွဲတွင် ကျကုန်ကာ သူ့သမီးပါ သေသွားပြီ ဆိုတော့မှတော့ သူသည်လဲ ပါဝင်လိုစိတ်မရှိတော့ပေ။ သူသာ ဆက်ရှိနေမည် ဆိုလျှင် ကျို့ယန်နှင့် ယူရှောင်းမို နှစ်ယောက်ပေါင်းပြီး သူ့ကို တိုက်ပါက သူ ခုခံနိုင်လိမ့်မည် မဟုတ်။ ထိုကဲ့သို့ တွေးလိုက်မိသည်နှင့် တိုက်စစ်ကနေ ခံစစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲလို့ သွားသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now