အခန်း ၆၇၄

2.6K 527 10
                                    

အခန်း ၆၇၄ သဘောတူချက်

ပြိုင်ပွဲအပြီး ပလာဇာထဲကနေ ပြန်ထွက်သည့် လမ်းပေါ်ရှိ ကျောက်တိုင်တစ်ခု ပေါ်တွင် သွေးရဲရဲ သံရဲရဲနှင့် ခေါင်းတစ်လုံး ရှိနေသည်။ ကြောက်လန့်တုန်လှုပ်နေသည့် မျက်နှာသွင်ပြင်နှင့် မျက်လုံးအိမ်ထဲမှ ပြုတ်ထွက်မတတ် ပြူးထွက်နေသည့် မျက်လုံးများကြောင့် တော်ရုံ ကြောက်လန့်တတ်သူဆိုလျှင် သွေးပျက်သွားနိုင်စေသည်။

ထို ကိစ္စမှာလဲ အချိန်လေး တစ်ခဏအတွင်းမှာကို တောမီးပမာ နေရာအစုံကို ပျံနှံသွားသည်။

လမ်းတစ်လမ်းလုံးမှာလဲ လူတွေအပြည့် အတွင်းလမ်းတွေမှာရော အပြင်လမ်းတွေမှာပါ လူတွေ ပြည့်နှက်နေကာ ရသည့် သူများကဆိုလျှင် ထို သွေးရဲရဲ သံရဲရဲ လူဦးခေါင်းကြီး၏ အမူအယာကိုပါ တုပပြီး လုပ်ကာ ပြောဆို နေကြသည်။

ယူရှောင်းမိုမှာလဲ အပေါ်ကနေ ဆင်းလာခြင်းခြင်းကို ဒီမြင်ကွင်းကြီးနှင့် တိုးတော့သည်။ သူ မတ်တပ်ရပ်နေသည့် နေရာမှာလဲ တော်တော်လေး မြင့်သည့် နေရာဆိုတော့ ထို ကျောက်တိုင်ပေါ်က ခေါင်းကို တစ်ချက်ကြည့်တာနှင့်တင် မြင်နေရသည်။ ပထမတော့ ဒါကို သတိမထားမိသေးပေမယ့် အနားကို ရောက်လာတော့မှ ထို ခေါင်းပိုင်ရှင်က သူရဲ့ မိတ်ဟောင်းဆွေဟောင်းကြီး ဖြစ်နေမှန်း သိတော့သည်။

သူကတော့ ထုံထျန်းနန်းတော်က ကိစ္စတုန်းက ယဇ်စင်ပေါ်မှာ သူ့ကို စိတ်ပျက်စရာ စကားများပြောကာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သူ ဘုန်းတော်ကြီး ဖြစ်နေသည်။ ထိုအချိန်တုန်းက သူ့ကို စိတ်ပျက်စေသည့် သူက အခုကျတော့ ခေါင်းတစ်လုံးသာ ကျန်ခဲ့တော့သည်။ မသေခင်တုန်းက တစ်ခုခု ထိတ်လန့်စရာ တွေ့ခဲ့လို့ ဖြစ်သွားသည့် မျက်နှာက သေသွားပြီးချိန်အထိ မျက်နှာပေါ်တွင် စွဲထင်ရစ်သည်။

ယူရှောင်းမိုက သူ့ခေါင်းကို သူအသာပုတ်လိုက်သည်။ သူ့အတွက်က ဒီခေါင်းက ဘယ်သူ့လက်ရာလဲ ဆိုတာ စဉ်းစားဖို့တောင် မလိုတော့ ပြိုင်ပွဲ အလယ်ခေါင်မှာ လစ်ထွက်သွားသည့် လင်းရှောင်မှ မလုပ်လျှင် ဘယ်သူက လုပ်မလဲ။ ဒီလူကတော့ သူ့ကို ဒီမှာ တစ်ယောက်ထဲ ထားခဲ့ပြီး လူသွားသတ်နေသေးသည် ပြီးတော့ အခုချိန်ထိ အရိပ်အယောင်တောင် ပေါ်မလာသေးပေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now