အချပ်ပို ၁၅ ဟန်ဆောင်မှုနဲ့ အရယူမယ်

1.6K 425 16
                                    

Chapter 728 (Extra 15) : Feigning Injury to Gain Results

အခန်း ၇၂၈ အချပ်ပို ၁၅ ဒါဏ်ရာ ရဟန်ဆောင်ပြီး လိုချင်တာ အရယူကြမယ်

“ဆရာ ဒါ သီးသန့် ကလပ်ပါ အထဲကို ၀င်လို့ မရပါဘူး” ဧည့်ကြိုလေးက သူတို့ကို တားကာ ယဉ်ယဉ်ကျေးကျေးလေး ပြောလေသည်။ သူတို့က ဒီလူနှစ်ယောက်ကို အထင်သေးတာမျိုး မဟုတ်ပဲ Sky Sea Gareden မှာက အနောက်တိုင်း ၀တ်စုံ ၀တ်ထားသူများကိုပဲ ၀င်ခွင့်ပြုမယ်ဆိုသော စည်းကမ်း ရှိနေသည်။ ဒိုင်းမွန်းမန်ဘာကတ် ရှိသူများသာလျှင် ကင်းလွတ်ခွင့် ရလေသည်။ ထိုသူများမှာလဲ မြို့၏ ထိပ်တန်း လူ့မလိုင်များပဲ ဖြစ်သည်။

ဒီနှစ်ယောက်က ဒိုင်းမွန်းမန်ဘာကတ်လဲ လက်ဝယ်ပိုင်ထားသူများ မဟုတ်သည့် အတွက် ၀တ်စုံပြည့်နှင့်မှသာလျှင် ၀င်ခွင့်ရမည်။ မဟုတ်ပါက အထဲကို ၀င်သွားလျှင်တောင်မှ အခွင့်မရှိပဲ ၀င်လာသည့် အနေနှင့် ပြန်မောင်းအထုတ်ခံရလိမ့်မည်။

ယူရှောင်းမိုက ဒီစည်းကမ်းများကို မသိသည့် အတါက်ကြောင့် ဘာလို့ သူတို့ကို အထဲ ပေးမ၀င်တာလဲ ဆိုတာ ဇဝေဇ၀ါ ဖြစ်နေသည်။ လင်းရှောင်၏ အထက်ဆီးအရှိန်အ၀ါတွေ ထွက်နေတာ မြင်ရဲ့သားနဲ့ ဘာလို့ သူ့ကို မျက်လုံးထဲ မထဲ့ကြတာလဲ။

“အထဲဝင်ဖို့ ဘာလိုလို့လဲ” ယူရှောင်းမိုက စိတ်ရှည်လက်ရှည်လေး မေးလိုက်သည်။

ဧည့်ကြိုဝန်ထမ်းလေးက အပြုံးလေးနှင့် “အနောက်တိုင်းဝတ်စုံ ၀တ်ဖို့ပဲ လိုပါတယ်”

ယူရှောင်းမိုက သူ့ကို ထပ်ပြီး ရစ်မနေသလို သူ ရောက်ပြီဆိုသည့် အကြောင်းကိုလဲ ယူပေါ်ကို လှမ်းမပြောပေ။

သူတို့ နှစ်ယောက် အဲဒိကနေ ထွက်လာကြသည်။ အနောက်တိုင်းဝတ်စုံဆိုမှ သူ ဒီဘုံကို ရောက်ကတည်းက သူမပြောနှင့် လင်းရှောင်တောင်မှ အနောက်တိုင်းဝတ်စုံ မ၀တ်ဘူးပေ။ အဲဒါကို တွေးမိတော့ လင်းရှောင်သာ အဲလို ၀တ်လိုက်လျှင် ဘယ်လိုရုပ်ဖြစ်သွားမလဲလို့ သိချင်သွားသည်။

နောက် နှစ်မိနစ်ကြာသော်…

“အဲဒိတစ်ယောက် ဘယ်လိုလဲ။ တော်တော်တော့ ချောတယ်နော်။ တကယ် ၀တ်တတ်စားတတ်ပဲ” ယူရှောင်းမိုက လမ်းဘေးတွင် မတ်တပ်ရပ်နေကာ Porsche ကားထဲက ၀တ်စုံပြည့်နှင့် လူကို ကြည့်ပြီး ပြောလိုက်သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now