အခန်း ၆၈၀

3.1K 589 30
                                    

Chapter 680: ထောင်ချောက်

ယူရှောင်းမိုက သူ့ရဲ့ သတင်းကောင်းကို လင်းရှောင်နှင့် မျှဝေဖို့ တက်ကြွစွာ ပြေးလာပေမယ့်လည်း လင်းရှောင်က ပျောက်နေပြန်သည်။ လစ်လစ်မထွက်သွားအောင် သူ့ဘာသာပဲ စောင့်ကြည့်နေရတော့မှာလား။

တစ်ချိန်တည်းမှာပင် ပွဲကျင်းပရာ နေရာ၏ ဟိုးအဝေးမှ မတ်စောက်လှသည့် ကျောက်တောင်ထက်တွင် လူနှစ်ဦး ရှိလို့နေသည်။ တစ်ယောက်သောသူကတော့ ယူရှောင်းမို ရှာမတွေ့သည့် လင်းရှောင် ဖြစ်ပြီး အခြားတစ်ဦးမှာလဲ စိမ်းသူတော့ မဟုတ်။ ထိုသူကတော့ သူ့ကို အပ်မည်းတွေ ပစ်လွှတ်လိုက်သည့် ဖန်ယန် ပင်။

လင်းရှောင်က သူ့နောက်က မျက်ခြေမပြတ် လိုက်နေတာကို မြင်တော့ ဖန်ယန်က ကြောက်လန့်နေရမည့် အစား ဖြီးလို့ နေသည်။ သူ့ကို ကြည့်ပြီး အော်ရယ်ရင်းက “မင်းက အရူးပဲ”

လင်းရှောင်က အနောက်ကို တည်တည်ငြိမ်ငြိမ်နှင့် လှည့်ကြည့်လိုက်သည်။ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိပေမယ့် လေထဲတွင် လက်နောက်ပစ်ကာ မတ်တပ်ရပ်နေသူ တစ်ယောက် ရှိနေသည်။ ထိုသူက ခပ်ချောချော မျက်နှာလေးနှင့် ပေမယ့် မာနကြီး သည့် မျက်နှာထင်းနှင့် မတ်ပတ်ရပ်လို့ နေသည်။ သူ့ပုံစံက ပြီးခဲ့သည့် အခေါက် သွေးအရိပ်ထဲတွင် တွေ့တုန်းကထက်တောင်မှ ပိုပြီး အရှိန်အဝါတွေ ထွက်နေသေးသည်။

“ငါတို့ ထပ်တွေ့ကြပြန်ပြီ” လင်းရှောက်ယီက ဘာမှကို ဂရုမစိုက်သည့် လေသံနှင့် ဆိုသည်။ အရှက်တစ်စက်မှကို မရှိသည့် အပြုံးနှင့် မျက်ဝန်းတွေကတော့ သက်တောင့်သက်သာ လေး ရှိနေပုံပေမယ့် ခြုံပြီး ကြည့်လိုက်လျှင်တော့ သူများတကာကို ရန်လိုက်လိုနေသော ပုံကတော့ ဖုံးကွယ်လို့ မရ။

 လင်းရှောင်က မျက်ခုံးလေး မဆိုစလောက်လေး ပင့်ကာ “ဒီကို တမင် မြှားခေါ်လာတာလား”

“မှန်တာပေါ့” လင်းရှောက်ယီ နှုတ်ခမ်းတွေက ကော့တက်သွားသည်။ “တစ်လျှောက်လုံးလဲ င့ါရည်ရွယ်ထားတာ မင်းပဲ ဖန်ယန် ပစ်တဲ့ အပ်မည်းတွေကလည်း င့ါအမိန့်နဲ့ လုပ်တာပဲ။ ဒါတွေ အကုန်လုံးက မင်းကို ဒီနေရာကို ခေါ်လာဖို့ပဲ ”

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now