အပိုင်း - ၅

3.9K 257 5
                                    


နေအလင်းရောင် ခပ်မှိန်မှိန်သာရှိတော့သည့် မှောင်ရီပျိုးစ ညအချိန်...

လမိုက်ညဖြစ်၍ လမထွက်သည့်ညကောင်းကင်ယံ၌ ကြယ်ပွင့်လေးများသာ ကြီးစိုးနေလေသည်။

သွပ်မိုးပျဉ်ထောင်အိမ်လေးရှေ့မှ ပင်လုံးညွတ်မျှပွင့်နေသော ဝါထိန်ထိန်စံကားဝါပွင့်တို့မှ မွှေးရနံ့တို့ကလည်း မှိန်ဖျော့ဖျော့အလင်းရောင်အောက်၌ ကြိုင်လှိုင်နေလျှက်...

ထိုအခိုက် သင်းပျံ့နေသည့်စံကားဝါတို့နှင့် လိုက်ဖက်လှစွာပင် အိမ်ကြီးထဲမှ 'ရွှေနှင့်ယိုးမှား ပန်းစံကား
ကဗျာရွတ်သံလေးက ညီညီညာညာ သံပြိုင်ထွက်ပေါ်လာ၏။

" သိုးကလေ
ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ ပန်းစံကား။

သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည်၊ ခရီးသား "

ထွက်ပေါ်လာသည့် ကဗျာသံနှင့် ဝင်းဝင်းဝါဝါစံကားဝါရနံ့တို့က လွန်စွာပင်လိုက်ဖက်လှပါဘိ...

ည မှောင်ရီသန်းချိန် စာအံသံထွက်ပေါ်နေသည့်အိမ်ကား မည်သည့်အိမ်ဟု ဗေဒင်မေးနေရန်မလိုပါချေ။

ဆရာလေးနှင့် ဆရာမလေးဟု ချစ်စနိုးခေါ်ကြသည့် ရဲသွေးမောင်နှမတို့ အခမဲ့သင်ပေးနေသောကလေးများ၏ စာကျက်သံပါပင်...

ကိုးတန်းကလေးများက physicပုစ္ဆာ တွက်နေကြ၍ ဆယ်တန်းများ၏ ရွှေနှင့်ယိုးမှား ပန်းစံကားကဗျာကျက်သံကသာ ဆူညံစွာထွက်ပေါ်နေရခြင်းသာ။

လေတိုက်တိုင်း ယိမ်းနွဲ့ကာ ကြိုင်သင်းနေသောစံကားဝါရနံ့တို့နှင့်အပြိုင် ပနံသင့်နေသည့် ကဗျာသံလေးက ထပ်မံထွက်ပေါ်လာပြန်၏။

သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား၊ စောင့်တရား။

ဆွေမိမင်း
မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကျိုင်းစင်မြဝါ၊ မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now