အပိုင်း - ၂၁

1.9K 137 2
                                    

ထက်နောင် ပေါင်းတလည်သို့ရောက်ခဲ့သည်မှာ နှစ်ရက်နှင့် သုံးညတိတိရှိပြီဖြစ်သည်။

ယခုနေ့လယ် ဦးသောင်းတင်၏အလောင်း မြေကျမှပင် သူ့မှာသက်ပြင်းတစ်ချက်ချနိုင်တော့၏။

စရောက်သည့်ညကတည်းက သူ့မှာတစ်ချက်မှမနားရသေး။

မနားရသည်လည်းမပြောနှင့်။
သူ့ကိုစောင့်ကြိုနေသည့်ကိစ္စများက တစ်ပုံတစ်ပင်။

ထွေးလေးက ခင်ပွန်းသည်ဆုံးထား၍ ပူထူနေကာ မျက်ရည်သာတွေတွေကျရင်း ငူငိုင်နေဆဲ။

အေးချမ်းမေသူကလည်း ထွေးလေးငိုလေ သူပါငိုလေဖြင့်လုံးလည်လိုက်နေလျှက်။

ဒေါ်ပန်းရုံနှင့် နီနီကလည်း မကျွမ်းကျင်သည့်အရပ်ဖြစ်၍ ယောင်လည်လည်။

ထို့ကြောင့် ဈာပန၏ကိစ္စအဝဝမှာ ထက်နောင်ခေါင်းပေါ်သာ အလို‌အလျောက်ပိလာရသည်သာ။

ဆေးရုံမှအလောင်းသယ်ရန်ကအစ၊ ဆရာတော်ပင့်ဖိတ်ရသည်အလယ်၊ အသုဘပို့မိတ်ဆွေများအား ကျွေးမွေးဧည့်ခံရန်နှင့် ယပ်တောင်၊ရေဘူးကမ်းရန်အဆုံး ဦးဆောင်စီစဉ်ရသည်မှာ သူတစ်ယောက်တည်း။

ယခုလည်း မြေကျပြီဖြစ်ရာ ကိစ္စတစ်ဝက်ခန့်အေးပြီဟုဆိုနိုင်ရုံသာ။

မနက်ဖြန် မြေဆင်းသပိတ်က ရှိသေးသည်။
သို့သော် ကိစ္စမရှိ။

ဆရာတော်များအတွက်သာ ဆိုင်မှပလာတာမှာယူထားကာ ဧည့်သည်များမှာလည်း ရင်းနှီးသူဆယ်ကိုးဦးခန့်သာဖိတ်ထားပြီး ကော်ဖီနှင့်မုန့်သာဧည့်ခံမည်မို့ ကရိကထမများ။

ထက်နောင် စိတ်ကိုဒုန်းဒုန်းချလိုက်ရင်း dream bedပေါ်လှဲချကာ မျက်လုံးများမှိတ်ပစ်လိုက်၏။

" ဟဲ့ ဒီကလေးနှယ် အိပ်ချင်ရင်အခန်းထဲဝင်အိပ်လိုက်ပါ့လား "

ဒေါ်ပန်းရုံက အိမ်အောက်ထပ်မှ ပစ္စည်းများကိုရှင်းလင်းနေရင်း လှမ်းဆိုလာ၏။

ဒေါ်အေးခင်တို့အိမ်က အိမ်အောက်ထပ်တစ်ခုလုံး သမံတလင်းခင်းထားကာ အိမ်အောက်၏ရှေ့ဘက်ပိုင်း၌ တီ‌‌ဗွီတစ်လုံးနှင့် ထိုင်ခုံအချို့သာရှိပြီး အိမ်နောက်ဘက်ခန်းကိုသာ အိပ်ခန်းများအဖြစ် အထပ်သားများဖြင့်ကာရံဖွဲ့စည်းထားခြင်းပင်။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now