အပိုင်း - ၁၆

671 21 0
                                    


မျက်နှာပေါ်ကျလာသည့် စူးရှရှနေရောင်ကြောင့် အိပ်မောကျနေသည့် လူးကပ်စ်မျက်ခုံးတန်းများ စုကျုံ့သွားရသည်။

ရှေ့ဦးစွာ ခပ်ထူထူနှုတ်ခမ်းတို့က မသိမသာလှုပ်ရွလာကာ ညည်းညူသံပိစိပါ ထွက်ပေါ်လာ၏။

ထို့နောက် တင်းတင်းပိတ်ထားသည့် မျက်ခွံတို့က လှုပ်စိလှုပ်စိဖြစ်လာပြီး ထူထူထဲထဲမျက်တောင်တို့ကပါ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာခြင်းသို့။

လူးကပ်စ် ကျိန်းစပ်နေသည့် မျက်လုံးတို့ကိုအားယူဖွင့်လိုက်မိသည့်အခါ မြင်ကွင်းက လင်းရှင်းနေလျှက်။

အလင်းရောင်အနေအထားအရ အချိန်အတော်နောက်ကျနေပြီဖြစ်ကြောင်း ခံစားလိုက်မိ၏။

ထန်းရည်က လူးကပ်စ်သောက်ဖူးသည့် ဝိုင်များ၊ ဘီယာများနှင့် လုံးဝမတူ။

ထန်းရည်သောက်သော အစပိုင်း၌ သိသိသာသာမူးမနေသော်လည်း အချိန်တဖြည်းဖြည်းကြာလာသည်နှင့် သိသိသာသာ ရီဝေလာသည်ကို ခံစားရ၏။

ယခုလည်း ထန်းရည်အစွမ်းကြောင့် မိုးစင်စင်လင်းသည်အထိ အိပ်ပျော်သွားခြင်းဖြစ်မည်ထင့်။

နာရီကိုကြည့်မိသည့်အခါ မနက်ခုနစ်နာရီခွဲကိုပြနေသည်မို့ မျက်လုံးများပင် ပြူးကျယ်သွားရသည်။

လူးကပ်စ် အလန့်တကြား ထထိုင်လိုက်မိသည့်အခါ ထက်နောင်က အနားရောက်လာရင်း...

" လူးကပ်စ် နိုးပြီလား အခု ဘယ်လိုနေသလဲ ခေါင်းထဲအတော်မူးနေသေးလား "

" ရ တယ် အစ်ကို ကျွန်တော် အ ဆင်ပြေ ပါတယ် "

" ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ဖြည်းဖြည်းထ ဖြည်းဖြည်းနော် ဖြည်းဖြည်း အလျင်မလိုနဲ့ မူးသွားမယ် "

ထက်နောင်အသံက စိုးရိမ်နေဟန်ဖြင့် ပျာပျာသလဲ။

" ဖြစ်ပါ တယ် အစ်ကို ရဲ့ စိတ် မပူ ပါနဲ့ ဒါနဲ့ အချိန် မ စောတော့ ဘူးထင်တယ် ကျွန်တော့် ကို နှိုးလိုက်တာ တော့ မဟုတ် ဘူး အစ်ကို ကျောင်း သွားရ မှာကို "

" ကျောင်းက ရပါတယ် မင်းအဆင်မပြေရင် ခွင့်တင်လိုက်‌တာပေါ့ "

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now