အပိုင်း - ၂၇

536 12 0
                                    


စက်တင်ဘာ 8ရက်...

ထက်နောင်၏ ဆိုင်ကယ်လေးက မြန်မာ့ပုဂံဟိုတယ်ဝန်းထဲထိ မောင်းဝင်လာကာ ဆိုင်ကယ်များရပ်ရန်သတ်မှတ်နေရာတွင် ရပ်တန့်သွားလေသည်။

ထက်နောင် ဆိုင်ကယ်လက်ကိုင်မှအထုပ်ကိုယူလိုက်ရင်း ခံ့ညားလွန်းသည့်ဟိုတယ်ကြီးကို ရပ်ကြည့်နေမိ၏။

ယခင်ရက်များကလည်း ဟိုတယ်အတွင်းထဲထိ တစ်ခါမှမဝင်ဖူးခဲ့၍ သူ့စိတ်ထဲအနည်းငယ်တွန့်ဆုတ်နေမိပြန်သည်။

အပြင်ပန်းအမြင်အရပင် ခမ်းနားထည်ဝါလွန်းသော မြန်မာ့ပုဂံဟိုတယ်ကြီးက အတွင်းပိုင်း၌ မည်မျှအထိဝင့်ထည်နေမည်ဖြစ်ကြောင်း မှန်းဆ၍ပင်မရ။

ထည်ဝါလွန်းလှသည့်ဟိုတယ်ဝန်းကြီးကို သူ ရပ်ကြည့်နေမိဆဲမှာပင် လူးကပ်စ်က အနားရောက်လာရင်း...

" အစ်ကို "

" ဪ အင်း လူးကပ်စ် "

" အစ်ကို့ ဆိုင်ကယ် ဝင်လာ ကတည်း က မြင်လိုက် လို့ ဆင်းလာ တာ လာလေ အစ်ကို မဲ့ရ်လဲ အပေါ် မှာ စောစော ကတည်း က စောင့် နေတယ် "

" ဆောရီး လူးကပ်စ်ရယ် အမေနဲ့အငယ်မ ဆိုင်သိမ်းပြီးတဲ့အထိကူနေလို့ ကြာသွားတယ် "

" ရ ပါတယ် အစ်ကို ရဲ့ မနက် ဖြန်ရဲ့ အစ်ကို့ အချိန် တွေ အတွက် ကျွန်တော် တို့က တောင် အားနာ ရမှာ "

ထက်နောင်တစ်ချက်ပြုံးပြရင်း လူးကပ်စ်နောက်မှ ဆက်လိုက်လာခဲ့လိုက်သည်။

မနက်ဖြန်မနက်က လူးကပ်၏မွေးနေ့ဖြစ်ရာ မနက်စောစောကတည်းက စွယ်တော်လေးဆူဘုရားဖူးရန် သူ ဟိုတယ်သို့ရောက်နေခြင်းပင်။

ဘုရားဖူးခရီးက ပုဂံသို့အလည်လာသည့် စွယ်တော်လေးဆူဘုရားဖူးခရီးနှင့် တူမည်တော့မဟုတ်။

ဘုရားဖူးလာသူများက တစ်နေ့တည်းဖြင့် စွယ်တော်လေးဆူလုံးဖူးမည်ဆိုပါက မြစ်ဖြတ်ကူးရသည့်အပြင် မကွေးတိုင်း၊ ပခုက္ကူခရိုင်တွင်သီးခြားရှိနေသော တန့်ကြည့်စွယ်တော်သို့ ဦးစွာသွားဖူးကြ၏။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now