အပိုင်း - ၂၂

1.9K 124 1
                                    

" သမီးအေးချမ်း ဘာမှအားမငယ်နဲ့သိလား ဒေါ်ဒေါ်မြင့်တို့ရှိတယ် "

ကော်ဖီပူပူကို တစ်ငုံသောက်ရင်းပြောနေသည့် ခပ်ဝဝဖိုင့်ဖိုင့်အဒေါ်ကြီးစကား။

ဆင်မြန်းထားသည့် တဖိတ်ဖိတ်လက်နေသောရတနာများ၊ ခါးထက်မှမိုးပြာရောင်အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်တို့က ထိုအဒေါ်ကြီး၏အနေအထားကို မီးမောင်းထိုးပြနေသည့်အလား။

အနားမှ ကိတ်မုန့်ပွဲချပေးနေသည့် အေးချမ်းမေသူက အလိုက်သင့်ခေါင်းညိတ်ပြသည့်အခါ ထိုအဒေါ်ကြီးက ဆက်ပြောလာပြန်သည်။

" အိမ်ကသားသားကတော့ သတင်းကြားကြားချင်း တော်တော်‌လေး စိတ်မကောင်းဖြစ်နေရှာတာကွယ် တဖျစ်‌တောက်တောက်နဲ့ကို ပြောနေတော့တာ သမီးသူငယ်ချင်းနဲ့လဲ စကားပြောဖြစ်တယ်မဟုတ်လား "

" ဟုတ်ကဲ့ လေးဖေအသုဘချတဲ့နေ့က ကောင်းကောင်းနဲ့တွေ့လိုက်ပါတယ် "

" အင်းလေ အဲဒီနေ့ကသူလာတာ ဒေါ်ဒေါ်သွားမယ်ဆိုတာတောင်မရပါဘူးကွယ် သူသွားမယ်ဆိုတာချည်းပဲ ကောင်‌လေး သူ့သူငယ်ချင်းကို သံယောဇဉ်တော့ကြီးသား အဟင်း သမီးလဲ အချိန်ရရင် ဒေါ်ဒေါ်တို့ဆီ စိတ်ပြေလက်ပျောက် မကြာမကြာလာလည်ပေါ့ "

ကြားလိုက်ရသည့်စကားကြောင့် နီနီမျက်ခုံးပင့်သွားရ၏။

အနှောင့်အသွားမလွတ်ချင်သည့် ထိုအဒေါ်ကြီးစကားက တစ်စုံတစ်ရာကိုရည်ရွယ်နေသည်မှာ သိသိသာသာ။

အမေနှင့်ထွေးလေးကိုလှမ်းကြည့်မိသည့်အခါ အိမ်ဦးခန်း၌ မြေဆင်းသပိတ်သွတ်ပေးမည့် သံဃာသုံးပါးကို ကြက်သားပလာတာကပ်ကာ ဝတ်ဖြည့်နေရင်း အေးအေးချမ်းချမ်းပင်။

" တစ်ခုခုဆိုရင်လဲ သမီးသူငယ်ချင်းဆီသာဖုန်းဆက်လိုက် သူတတ်နိုင်သလောက်ကူညီပေးလိမ့်မယ် အိမ်မှာအိမ်ထောင်ဦးစီးမရှိပေမဲ့ ဘာမှအားမငယ်နဲ့ အိမ်ကသားသားကိုသာ အချိန်မရွေး ခေါ်ခိုင်း "

" ဟုတ်ကဲ့ "

" ဒေါ်ဒေါ်မြင့်ဆီက အကူအညီလိုရင်လဲ ပြောသာပြော သမီးတို့နဲ့ ဒေါ်ဒေါ်မြင့်တို့ဆိုတာက အခုမှသိကြတာမှမဟုတ်တာ မိသားစုလိုတောင်ဖြစ်နေပြီ ဟုတ်တယ်မဟုတ်လား ကိုယ့်အမေလို အဒေါ်လိုသာသဘောထား ဒေါ်ဒေါ်မြင့်ကတော့ အေးချမ်းလေးကို ငယ်ငယ်တည်းက သမီးအရင်းလေးလိုကိုချစ်တာ "

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now