အပိုင်း - ၁၁

837 19 0
                                    


သူတို့အဖွဲ့ တဖြည်းဖြည်းဆက်လျှောက်လာကြရင်း အမြင့်ပေတော်တော်များများထိပင် ရောက်လာခဲ့လေပြီ။

လမ်းလည်းပိုကျဉ်းလာကာ မြင်ရသည့်ရှုခင်းကလည်း ပို၍ကျယ်ပြန့်ကာပိုလှလာ၏။

ပတ်ဝန်းကျင်အလှကြောင့် သူတို့အဖွဲ့မှာ မောရမှန်းပင်မသိပါလေ။

လမ်းတစ်လျှောက်လုံးလည်း ထက်နောင်၏ရှင်းပြမှုကြောင့် ပုပ္ပားတောင်မကြီးမှ ဆေးဖက်ဝင်အပင်များ၊ ဂမုန်းပင်များအကြောင်း သိရှိရင်းနှီးလာရလေသည်။

ပုပ္ပား၌ ဂမုန်းပင်များကလည်း အတော်စုံ၏။

စီးပွားဂမုန်း၊ မီးကွင်းဂမုန်း၊ ချမ်းသာကြီးဂမုန်း၊ အိမ်တော်မင်္ဂလာဂမုန်း၊ ရှင်ဥပဂုတ်ဂမုန်း၊ ကျီးဂမုန်းနှင့် ဒေါင်းမလေးဂမုန်းစသည်စသည်ဖြင့်.....

သူတို့ကြားသာကြားဖူးကာ မမြင်ဖူးသော၊ တစ်ချို့ သူတို့ကြားပင်မကြားဖူးသော နာမည်ကြီးဂမုန်းမျိုးစိတ်များ များစွာပေါများလှသည်သာ။

တန်ဖိုးကြီးဆေးဝါးများ၊ အဖိုးတန်ရှားပါးဂမုန်းပင်များ ပေါများကြွယ်ဝရာပုပ္ပားကား အလွန်ပင်အဖိုးတန်လှပါဘိခြင်း။

သူတို့အဖွဲ့မှာ ထက်နောင်ပြသည့်အပင်များကို တမေ့တမောကြည့်လိုက်၊ ရှင်းပြသည့်အကြောင်းအရာများအား မျက်လုံးကလည်ကလည်ဖြင့် နားထောင်လိုက်လုပ်ကာ တစ်လမ်းလုံးမအားလပ်ရှာကြ။

ထုံးစံအတိုင်း ကြက်တူရွေးကဲ့သို့ စကားကလည်း များကြသေးသည်သာ။

သူတို့ချင်းသာပြောသည်မကဘဲ ထက်နောင်ကိုပါ တတွတ်တွတ်မေးနေပြန်၏။

" ဆရာ့ ဆရာ့ စီးပွားဂမုန်းက တကယ်စီးပွားတက်တာလားဟင် "

" အင်း အဲဒီလိုတော့ ပြောကြတာပဲလေ "

" ဟိုလေ ဆရာ့ စောစောကပြောတာလေ နှာခေါင်းသွေးယိုရင် ထုအုံပေးလို့ရတာ ဘာဂမုန်း "

" ဪ မီးကွင်းဂမုန်းလေ သူကလဲ တော်တော်ဆေးဖက်ဝင်တယ် နှာခေါင်းသွေးလျှံတာတွေအပြင် အဲဒီဂမုန်းကို သုံးခွက်တစ်ခွက်တင်ကျိုပြီး သကြားလေးနဲ့သောက်ရင် ကျောက်ကပ်ရောဂါ၊ ဆီးရောဂါတွေပျောက်တယ်တဲ့ "

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now