အပိုင်း - ၇

1K 25 0
                                    


အချိန်​အားဖြင့်​ ည​နေ ၃နာရီခွဲခန့်​...

တစ်​စထက်​တစ်​စ အ​ပူချိန်​​လျော့ကျလာသည့်​​နေမင်းကြီးနှင့်​အပြိုင်​ ပုဂံ​မြေမှ ပုပ္ပားမှ တရိပ်​ရိပ်​​ပြေး​နေသည့်​ ဆိုင်​ကယ်​​လေးတစ်​စီး

အဝါ​ရောင်​ဆိုင်​ကယ်​​လေးကား လမ်းအ​ကွေ့အ​ကောက်​အလိုက်​ အလိုက်​သင့်​က​လေး ​ပြေးလွှား​နေသည်​မှာ ​မောင်းနှင်​သူ၏ကျွမ်းကျင်​မှုကို လှစ်​ဟပြ​နေသည့်​အလား...

ဂျင်း​ဘောင်းဘီရှည်​အနက်အား လည်​ပိတ်​T-shirtအဖြူစွတ်​စွတ်​ဖြင့်​တွဲဝတ်​ထား၍ မာန်​စွယ်​ကျစ​နေမင်း၏ အလင်း​ရောင်​​အောက်​ ဆိုင်​ကယ်​​မောင်းနှင်​သူ၏ ဖြူစင်​ဝင်းဖန့်​သည့်​အသား​အ​ရေမှာ ထင်း​နေလျှက်​သား...

ပခုံးစွန်း​၌ ကြိုးတစ်​​ချောင်းတည်းလွယ်​ထားခြင်း ခံထားရသည့်​​ကျောပိုးအိတ်​အနက်က​လေးမှာလည်း ကောင်ငယ်​​လေး၏ကျောပြင်​ထက်​၌​​ ​လျော့ရိ​လျောရဲတွဲခိုကာ ဘယ်​ညာယမ်းခါ​နေ​လေ​တော့သည်​။

တရှိန်ထိုး​​ပြေးေ​နသည့် ဆိုင်​ကယ်​​လေးက ​အနည်းငယ်​အရှိန်​​လျှော့သွားကာ ​မောင်းနှင်​​နေသူ၏​ဦး​ခေါင်းကလည်း တစ်​စုံတစ်​ခုအား ရှာ​ဖွေ​နေသ​ယောင်​ဖြင့်​ ​​တောင်​​ခြေအနီးဝန်းကျင်​ဆီ​ဝေ့ဝဲသွား၏။

ခဏပါပင်​...
ပုပ္ပားတောင်​ကလပ်​နှင့်​ မနီးမ​ဝေး လူတစ်​​ခေါ်စာ​ခန့်​မှ စံကားဝါပင်​ကြီး​အောက်​မှ လူစုစုအားမြင်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​ မှန်​ချထားသည့်​ helmetထဲမှ ခပ်​ဝါဝါမျက်​ဝန်းတစ်စုံက သိသိသာသာပင်​ လက်​ခနဲဖြစ်​သွားသ​ယောင်​...

ထို့​နောက်​ အချိန်​အ​တော်​ကြာ ​ခရီးနှင်​လာသည့်​ဆိုင်​ကယ်​​လေးက ထိုလူများရှိသည့်​​နေရာ၌ ငြင်​သာစွာထိုးရပ်​သွားသည်​။

ဆိုင်​ကယ်​​စီးနင်းလာသူက helmetမှန်​ကိုပင့်​တင်​လိုက်​သည့်​အခါ လှပ​သောအဝါ​ရောင်​မျက်​ဆန်​တို့နှင့်​ လွန်​စွာ​ချော​မောနုနယ်​သည့်​ မျက်​နှာ​လေး​ပေါ်ထွက်​လာ၏။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now