အပိုင်း - ၇

3.5K 231 4
                                    

အချိန်အားဖြင့် ညနေ ၃နာရီခွဲခန့်...

တစ်စထက်တစ်စ အပူချိန်လျော့ကျလာသည့်နေမင်းကြီးနှင့်အပြိုင် ပုဂံမြေမှ ပုပ္ပားမှ တရိပ်ရိပ်ပြေးနေသည့် ဆိုင်ကယ်လေးတစ်စီး

အဝါရောင်ဆိုင်ကယ်လေးကား လမ်းအကွေ့အကောက်အလိုက် အလိုက်သင့်ကလေး ပြေးလွှားနေသည်မှာ မောင်းနှင်သူ၏ကျွမ်းကျင်မှုကို လှစ်ဟပြနေသည့်အလား...

ဂျင်းဘောင်းဘီရှည်အနက်အား လည်ပိတ်T-shirtအဖြူစွတ်စွတ်ဖြင့်တွဲဝတ်ထား၍ မာန်စွယ်ကျစနေမင်း၏ အလင်းရောင်အောက် ဆိုင်ကယ်မောင်းနှင်သူ၏ ဖြူစင်ဝင်းဖန့်သည့်အသားအရေမှာ ထင်းနေလျှက်သား...

ပခုံးစွန်း၌ ကြိုးတစ်ချောင်းတည်းလွယ်ထားခြင်း ခံထားရသည့်ကျောပိုးအိတ်အနက်ကလေးမှာလည်း ကောင်ငယ်လေး၏ကျောပြင်ထက်၌ လျော့ရိလျောရဲတွဲခိုကာ ဘယ်ညာယမ်းခါနေလေတော့သည်။

တရှိန်ထိုးပြေးနေသည့် ဆိုင်ကယ်လေးက အနည်းငယ်အရှိန်လျှော့သွားကာ မောင်းနှင်နေသူ၏ဦးခေါင်းကလည်း တစ်စုံတစ်ခုအား ရှာဖွေနေသယောင်ဖြင့် တောင်ခြေအနီးဝန်းကျင်ဆီဝေ့ဝဲသွား၏။

ခဏပါပင်...
ပုပ္ပားတောင်ကလပ်နှင့် မနီးမဝေး လူတစ်ခေါ်စာခန့်မှ စံကားဝါပင်ကြီးအောက်မှ လူစုစုအားမြင်လိုက်သည်နှင့်တစ်ပြိုင်နက် မှန်ချထားသည့် helmetထဲမှ ခပ်ဝါဝါမျက်ဝန်းတစ်စုံက သိသိသာသာပင် လက်ခနဲဖြစ်သွားသယောင်...

ထို့နောက် အချိန်အတော်ကြာ ခရီးနှင်လာသည့်ဆိုင်ကယ်လေးက ထိုလူများရှိသည့်နေရာ၌ ငြင်သာစွာထိုးရပ်သွားသည်။

ဆိုင်ကယ်စီးနင်းလာသူက helmetမှန်ကိုပင့်တင်လိုက်သည့်အခါ လှပသောအဝါရောင်မျက်ဆန်တို့နှင့် လွန်စွာချောမောနုနယ်သည့် မျက်နှာလေးပေါ်ထွက်လာ၏။

လူးကပ်စ်က ဆိုင်ကယ်လက်ကိုင်ပေါ် တံတောင်လေးတင်ထားလျှက်မှ စွဲဆောင်မှုရှိစွာရယ်ပြလာရင်း...

" ကျွန်တော် နောက် ကျသွား လား အစ်ကို "

မျက်ဆန်ဝါလေးများ ပိတ်ကျသွားသည်အထိ ရယ်ပြလာသော ကောင်ငယ်လေးကြောင့် စောစောကအထိ စောင့်နေရ၍ဘူနေကြသည့် လူအချို့မှာ မည်သို့မှစိတ်မဆိုးနိုင်ပါတော့လေ...

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now