အပိုင်း - ၄၃

496 12 0
                                    


နောက်နေ့မနက်၌ အချိန်ဆွဲမနေဘဲ ရှေ့နေနှင့် အသိသက်သေအချို့ခေါ်ကာ အိမ်နှင့်ခြံအသစ်ကလေးကို စာချုပ်ချုပ်လိုက်ကြသည်။

ထိုအခါမှပင် ဝယ်မည့်အိမ်ကို သူ(မ)တို့ရောက်ဖူးတော့၏။

နီနီတို့ ညွှန်းလည်းညွှန်းစရာပင်။
အိမ်နှင့်ခြံလေးက်ုမြင်လိုက်သည်နှင့် အေးချမ်းသည့်ခံစားချက်ကလေးရနေသည်မဟုတ်ပါလား

Video callထဲမှမြင်ရသည့်အတိုင်း ခြံလေးက အတော်အသင့်ကျယ်ကာ အိမ်လေးကလည်း နှစ်ထပ်တိုက် သပ်သပ်ရပ်ရပ်ကလေးပါပေ။

ခြံစည်းရိုးမှအစ ကျောက်တိုင်လေးများစိုက်ကာ သံကြိုးဆူးလိမ်လေးကာထား၏။

ခြံလေးထဲ၌ သီးပင်စားပင်များနှင့် စိမ်းစိုနေကာ စက်ရေတွင်းတစ်တွင်းလည်းရှိသည်။

အိမ်က အသစ်ကြီးမဟုတ်သော်လည်း ကြီးကြီးမားမားပြင်ရန်မလို။

အိမ်နှင့်တွဲရက်တွင် ကားဝင်ရန် ကားဂိုဒေါင်လေးတစ်လုံးကပင် အဆစ်ပါသေး။

ယခုမေသူတို့ပေးရသည့်ဈေးနှင့် တန်သည်ဟုဆိုရမည့်အနေအထား။

နီနီတို့ပြောပုံအရ အိမ်ပိုင်ရှင်လင်မယားကလည်း ပြေပြေလည်လည်နှင့် ချမ်းချမ်းသာသာမိသားစုပင်။

တစ်ဦးတည်းသောသမီးဖြစ်သူ ဆရာဝန်မက မေမြို့တွင်တာဝန်ကျပြီး မေမြို့မှလူတစ်ယောက်နှင့်ပင် အကြောင်းပါသွားကာ အခြေကျနေသော်လည်း ပုပ္ပားကိုအစွဲကြီးသည့် လင်မယားက လိုက်မသွား။

ယခုမူ လင်မယားနှစ်ဦးလုံး အသက်ကြီးကြပြီဖြစ်သည့်အပြင် ကိုယ်ဝန်သည်သမီးကလည်း မေမြို့ဆီ ခခယယခေါ်နေ၍သာ ပုပ္ပားမှအိမ်နှင့်ခြံကို မရောင်းချင်ရောင်းချင်ဖြင့် ရောင်းလိုက်ကြသည်သာ။

အေးချမ်းမေသူတို့ကလည်း ကံကောင်းစွာပင် ထိုအိမ်နှင့်ခြံလေးကို တေ့တေ့ဆိုင်ဆိုင်ဝယ်မိသွားခြင်း။

ယခုအထိ အဖိုးကြီးလင်မယားက သူတို့အိမ်လေးအား နှမြောနေပုံပင်။

အဆင်ပြေပြေနှင့် စာချုပ်ချုပ်ပြီးသွားသည့်အတွက် သန်ဘက်ခါ၌အိမ်ပြောင်းလာရန် ညှိလိုက်ကြပြီး လူကြီးများကိုအိမ်ပြန်ပို့ပြီးသည်နှင့် နီနီနှင့် မေသူက အခြားတစ်အိမ်ဆီ ထွက်လာလိုက်ရပြန်သည်။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now