အပိုင်း - ၄၂

1.5K 110 3
                                    

" အာ အစ်ကို "

ဆေးရုံခန်းထဲဝင်လာသူကို မြင်လိုက်သည်နှင့် လူးကပ်စ်၏မျက်ဆန်ဝါဝါလေးများက တလက်လက်တောက်ပသွားသည်မှာ သိသိသာသာ။

အခန်းအောင်းနေရ၍လားမသိ။
နဂိုဖြူဝင်းနေသည့် အသားအရေက ပို၍ပင်ဖြူဝင်းနေသယောင်။

ထက်နောင် အသာပြုံးလိုက်ရင်း လူးကပ်စ်ဘေးတွင် ဝင်ထိုင်လိုက်ကာ.....

" မနက်စာ စားပြီးပြီလား "

" ဟင့်အင်း "

" အစ်ကို့ကို စောင့်နေတာလား "

" ဟီး "

လူးကပ်စ်က သူ့ကိုပြန်ရယ်ပြလာသည်။
ထပ်မပြောလာသော်လည်း ထိုကလေးက သူ့ကိုစောင့်နေခြင်းဖြစ်ကြောင်း ထက်နောင်သိလိုက်ပါ၏။

" အတော်ပဲ အစ်ကို burger နဲ့ sandwich ဝယ်လာတယ် လူးကပ်စ်ကြိုက်တယ်မဟုတ်လား အတူတူစားရအောင် "

" ဟုတ် ကော်ဖီ လေး ရောပဲ "

" အိုခေ အစ်ကိုဖျော်ပေးမယ် "

လူးကပ်စ်စကားအဆုံး ထက်နောင်က ခပ်သွက်သွက်ထကာ ကော်ဖီဖျော်ရန်ပြင်လိုက်သည်။

အခန်းထဲ၌ ကျိုထားပြီးသားရေနွေးက အ‌ဆင်သင့်ရှိနေကာ ခွက်ထဲသို့ ကော်ဖီမှုန့်နှင့် သကြားအနည်းငယ်သာ ထည့်ဖျော်ရုံဖြစ်၍ သိပ်မကြာလိုက်။

" ကဲ ရပါပြီဗျာ "

လူးကပ်စ်က သူ့ရှေ့သို့အသင့်ချပေးလာသည့် ကော်ဖီကိုတစ်ငုံသောက်လိုက်ကာ မျက်လုံးလေးပင့်တက်သွား၏။

" ဘယ်လိုလဲ "

" သိပ်ကောင်း "

လက်မလေးတထောင်ထောင်ဖြင့် ဘာကာကိုလည်း တစ်ဖဲ့ကိုက်လိုက်ပြန်သည့်ကောင်လေးပါပေ။

ကြည့်ရသည်မှာ အတော်ဆာနေပုံပင်။

ထက်နောင် မျက်စိရှေ့မှကောင်လေးကိုကြည့်ရင်းပြုံးနေမိသည်မှာ သူ့ရှေ့မှ အငွေ့တထောင်းထောင်းနှင့် ကော်ဖီခွက်ကိုပင် သတိမရတော့သည်အထိ။

သူ့ပုံစံက သူများစားနေသည်ကို သနားစဖွယ်မျှော်နေပုံပေါက်သွားသည်လားမသိ။

လူးကပ်စ်က လက်ထဲမှဘာကာကို ထက်နောင်ရှေ့ထိုးပေးလိုက်ရင်း...

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Tempat cerita menjadi hidup. Temukan sekarang