အပိုင်း - ၁၅

776 16 0
                                    

" ဟူး ခုမှပဲ အသက်ရှူရတာ အဆင်ပြေတော့တယ် "

ဆေးရုံအပြင်ဘက်ရောက်လျှင်ရောက်ချင်း နီနီပထမဆုံးလုပ်မိသည်က မျက်လုံးစုံမှိတ်ပြီး အသက်ရှုသွင်းကာ ထိုသို့ရေရွတ်လိုက်မိခြင်းပင်။

ထိုစကားသံလေးကြောင့် အနားမှ အေးချမ်းမေသူက ခပ်ဖွဖွပြုံး၏။

အမှန်တကယ်လည်း နီနီ ထိုသို့ရေရွတ်ရလောက်သည်အထိ ဆေးရုံတစ်ရုံလုံးး အစဉ်သဖြင့် ပိုးသတ်ဆေးနံ့သာထုံမွမ်းနေသည် မဟုတ်ပါလား။

ထိုသို့ ပိုးမသတ်၍လည်းမရ။
ဆေးရုံဟူသည် ရောဂါပိုးမွှားပေါင်းစုံတို့ စုဝေးအနေနိုင်ဆုံးနေရာဖြစ်၍ သတိကပ်ကာအစဉ် ပိုးသတ်ထားနိုင်မှတော်ရုံကျသည်သာ။

အကျင့်ရနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆေးရုံ၏ပိုးသတ်ဆေးနံ့မှာ မပြောပလောက်သော်လည်း ပြင်ပလူများအတွက် အတော်လေးဆိုးဝါးသည်မှာအမှန်။

ထို့ကြောင့်လည်း ယခု မနက်စာဝယ်ရန်အတွက် ဆေးရုံအပြင်ထွက်ရမည့် အကြောင်းဖန်လာသည်နှင့် နီနီက အေးချမ်းမေသူနှင့်ကပ်လိုက်လာခဲ့ခြင်း။

တစ်ဆက်တည်းမှာပင် အိမ်မပြန်နိုင်သေးသည့်တစ်လျှောက်လုံးလည်း ထမင်းဝယ်၊ ရေနွေးဝယ်မှစ၍ ဆေးရုံအပြင်ထွက်ရတိုင်း မဖြစ်မနေလိုက်ရန် ဆုံးဖြတ်လိုက်မိလေသည်။

" နီနီ ဆေးရုံထဲမနေချင်ရင် မမတို့က အပြင်မှာပဲ ထွက်ထိုင်နေကြမလား အခန်းထဲမှာကြီးမေနဲ့ ဒေါ်လေးရှိတာပဲကို "

" နေပါမမရယ် နီနီက ဒီအတိုင်းပဲပြောတာပါ ဒါထက်လေ မမ နီနီတို့ ဟိုဆိုင်မှာဝယ်ကြမလား ဆိုင်ပုံစံကြည့်ရတာသန့်မဲ့ပုံပဲ "

" အင်း နီနီ့သဘောလေ "

ပြောပြောဆိုဆို နီနီညွှန်ပြသည့်ထမင်းဆိုင်သို့ နှစ်ယောက်သားဝင်သွားလိုက်ကြရင်း ထမင်း၊ ဟင်းအနည်းငယ်နှင့် ရေနွေးအဖြူအချို့ပါ ဝယ်ယူလိုက်ကြ၏။

ထမင်း၊ ဟင်း ရနံ့များနှင့် ပြင်ဆင်ထားပုံများအရ လက်ဆက်သန့်ရှင်းကာ စားချင်စဖွယ်ဖြစ်သော်လည်း ဆေးရုံအနီးမှဆိုင်မို့ သာမန်ထက်တော့ ဈေးအနည်းငယ်ပိုသည်သာ။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Dove le storie prendono vita. Scoprilo ora