အပိုင်း - ၂၄

1.8K 131 0
                                    

" ဟဲ့ မွန်ဖျိ ဘယ်သွားနေတာလဲ လက်ထဲကရော ဘာထုပ်ကြီးလဲ မဲ့ရ်က မတွေ့လို့လိုက်ရှာနေတာကွယ် "

ဒေါ်ထွေးရီမော်က ခပ်ဖောင်းဖောင်းအထုပ်ကြီးတစ်ထုပ်ကိုင်ကာ ပြုံးတုံ့တုံ့မျက်နှာပေးဖြင့် ဟိုတယ်ပေါ်ပြန်တက်လာသည့်သားဖြစ်သူကိုမေးလိုက်သည်။

ညနေခင်းအဆာပြေအဖြစ် ကော်ဖီသောက်ရန် လာခေါ်သော်လည်း သားဖြစ်သူကိုမတွေ့၍ သူ(မ)လိုက်ရှာနေခဲ့ရခြင်းပင်။

ကံကောင်း၍သာ ဟိုတယ်လုံခြုံရေးဝန်ထမ်းများကိုပါ ကူရှာခိုင်းတော့မည့်လက်မတင်လေးမှာပင် သားဖြစ်သူက အထုပ်တစ်ထုပ်ကိုင်ကာ ပြန်ရောက်လာပြန်၏။

ယခုလည်း သူ့လက်ထဲမှအထုပ်ကိုမြှောက်ပြရင်း ရွှင်ရွှင်မြူးမြူးဖြင့် ပြန်ဖြေလာသည်က...

" ကျွန်တော် ဒီမှာ ရှိပါ တယ် မဲ့ရ်ရဲ့ အောက်ကို ခဏ ဆင်းတာ ပါ ဒါက မုန့်ထုပ် လေ မဲ့ရ်က ဘာလို့ ရှာနေ တာလဲ ဟင်"

" ဪ မွန်ဖျိအဆာပြေစားရအောင် ကော်ဖီသောက်ဖို့လာခေါ်တာလေ အခန်းထဲမတွေ့တော့ ဘယ်ကိုများပျောက်သွားတာလဲလို့ မဲ့ရ်တော့လန့်သွားတာပဲ "

" ဪ ဟုတ် "

" မုန့်စားချင်ရင်လဲ တစ်ယောက်ယောက်ကို မှာခိုင်းရောပေါ့မွန်ဖျိရယ် ကိုယ်တိုင်ဆင်းဝယ်ရလား "

" အမ်း မဟုတ် ဘူး မဲ့ရ် ဒါက အစ်ကို လာ ပေးတာ "

" အစ်ကို "

" ဟုတ် ပုပ္ပား က အစ်ကို လေ "

ထိုအခါမှပင် သားဖြစ်သူ မြူးထူးနေရသည့်အကြောင်းကို သူ(မ)သဘောပေါက်သွားရတော့သည်။

ကြည့်ရသည်မှာ ပုပ္ပားမှသား၏ကောင်မလေး ပြန်ရောက်လာပုံပင်။

ယခုမှပင် ဒေါ်ထွေးရီမော်တစ်‌ယောက် သက်ပြင်းချနိုင်တော့၏။

သူ(မ)အနေဖြင့် တစ်ဦးတည်းသောသားကို အချစ်ပိုရသည့်အားလျော်စွာ သားဖြစ်သူ၏မျက်နှာကိုသာ မှန်အမှတ်ဖြင့် ကြည့်နေခဲ့ရသူပင်။

ထို့ကြောင့် သားဖြစ်သူ၏မျက်နှာကို တစ်ချက်ကြည့်ရုံမျှဖြင့် သားစိတ်ထဲမှအတွေးမှန်သမျှကို အတပ်သိနိုင်သည်အထိပါပေ။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now