အပိုင်း - ၂၆

1.7K 120 4
                                    

ခရီးမှပြန်ရောက်ပြီး နောက်တစ်နေ့ညမှစ၍ စာကျက်သံတို့ဖြင့်သာ ပြန်လည်စိုပြည်လာခဲ့သည့် ထက်နောင်တို့အိမ်လေးက ယနေ့လည်း စာကျက်သံတို့ဖြင့် သက်ဝင်နေမြဲ။

ကိုးတန်းကလေးများကလည်း မြန်မာကဗျာတစ်ပုဒ်ကို ကျက်နေကြကာ ဆယ်တန်းကလေးများကလည်း ရေသယ်ပြဇာတ်မှခက်ဆစ်ကျက်နေလေသည်။

" သု,စိ,ပု,ဘာ၊ ဝိ,လိ,သိ,ဓာ၊
အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့။

စာသင်ပျိုနု၊ အခြေပြုတို့
ဥဇုဘူတ၊ လုံ့လပြင်းစွာ
သူ့ထက်ငါဟု၊ နှုတ်မှာရွရွ
ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး
အထူးသိမြင်၊ ပညာရှင်ဟု
မထင်မပေါ်၊ မကျော်ဇောပဲ
တီမှာလွဲအံ့။ "

" တဏှာ = လိုချင်တပ်မက်ခြင်း
တရကြမ်း = အပြင်းအထန်၊ အတင်းအကြမ်း
တရတွန်း = အဆက်မပြတ်၊ အတင်းအကျပ် "

ထုံးစံအတိုင်း ထက်နောင်က ကလေးများအနားတွင်ထိုင်ကာ အသံထွက်နှင့်အသံနေအသံထားအမှားကို ပြင်ပေးနေသည်။

" ကိုးတန်းတွေ ကဗျာကိုဆိုကောင်းကောင်းနဲ့ မျက်လုံးကြီးပဲမှိတ်ပြီး အော်မနေနဲ့နော် စာလုံးပေါင်းသတ်ပုံတွေ သေချာကြည့်မယ် သီကုံးပန်းသွင်က ပါဠိစာများတော့ သေချာမှတ်မယ် "

" ဟုတ် ဆရာလေး "

" ပြီးတော့ ဆယ်တန်းတွေရောပဲ တရတွန်းနဲ့ တရကြမ်းက ခက်ဆစ်အဖွင့်ချင်းမတူဘူးနော် လွယ်ပေမဲ့ အဲဒီနှစ်ခုသိပ်မှားတတ်တယ် ခက်ဆစ်နှစ်ခုဆို တစ်ခုပဲရေးလို့ရပေမဲ့ ရသမျှရေးချင်တော့ နှစ်ခုလုံးရေးချလိုက်ရော အဲဒီမှာထပ်ရေးတာက မှားသွားတဲ့အခါသေပြီပေါ့ "

" ဒါဆို တစ်ခုပဲရေးရမှာလားဆရာ "

ဆယ်တန်းကလေးများက ငြိမ်နားထောင်နေရင်းမှ ပြန်မေးလာပြန်သည်။

" တတ်နိုင်ရင်တော့ နှစ်ခုလုံးရေးတာကောင်းတာပေါ့ တကယ်လို့ ဂုဏ်ထူးမှတ်ရောက်ရင် စာစစ်တဲ့သူက  အမှတ်လျှော့ပစ်နိုင်တယ် "

" ဆရာကလဲ သားတို့က ဂုဏ်ထူးမရလောက်ပါဘူး "

" အဲဒီလိုတွေးကတည်းက မင်းတို့တစ်ပန်းရှုံးနေပြီ ဘယ်တော့မှအဲဒီလိုမတွေးနဲ့ ရတာမရတာထက် စွမ်းအားရှိသမျှ အကောင်းဆုံးကြိုးစားဖို့က ကိုယ့်တာဝန်ပဲ သဘောပေါက်လား "

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) حيث تعيش القصص. اكتشف الآن