အပိုင်း - ၉

974 20 0
                                    


တောင်မကြီး၏ ညဥ့်ဦးယံသည်ကား တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေ၏။

လမ်းတစ်လျှောက်လုံး ကြားခဲ့ရသည့် ငှက်သံနှင့် တောကောင်ငယ်လေးများအသံမှာပင် တိတ်တိတ်ပျောက်နေတော့သည်။

စောစောကထိပင် တကျစ်ကျစ်ဆူညံနေခဲ့သေးသည့် စာလေးများသည်ပင် အိပ်တန်းတက်ကြပြီဖြစ်၍ အရာရာသည် ငြိမ်သက်နေလျှက်။

အေးစိမ့်စိမ့်လေပြေအချို့ကြောင့် သစ်ရွက်သစ်ကိုင်းများ လှုပ်ခတ်သံမှတစ်ပါး မည်သည့်အသံကိုမျှ မကြားရပါလေတော့...

သစ်ပင်များထူထပ်နေရာ မည်းမှောင်နေသောကောင်းကင်ယံမှ ကြယ်အချို့ကို သစ်ကိုင်း၊ သစ်ရွက်များကြားမှသာ ရံဖန်ရံခါ မြင်နေရ၏။

ပန်းပင်တစ်ပင်၏အလှမှာ ပန်းပွင့်လေးများဖြစ်ပါက
တောတောင်၏အလှမှာ အေးချမ်းမှုနှင့် တိတ်ဆိတ်မှုပင်ဖြစ်ပေလိမ့်မည်။

Tentများအားလုံး နေရာချပြီးသည့်နောက် ထက်နောင်က သူတို့စခန်းချသည့်နေရာကွက်လပ်တစ်ခု၌ မီးဖိုရန် အလျှင်အမြန်ပြင်ဆင်လိုက်လေသည်။

တောင်ပေါ်၌ မီးဖိုရန်လောင်စာက သိပ်မရှား။
အချိန်သိပ်မကြာလိုက်ဘဲ အနီးအနားမှ သစ်ကိုင်းခြောက်များနှင့်ပင် မီးတောက်အားအသင့်အတင့်နှင့် မီးဖိုတစ်ဖိုရလာလေ၏။

ထက်နောင်က မီးဖိုရသည်နှင့် သူသယ်လာသည့်အိတ်ကြီးထဲမှ ဝါးလုံးများနှင့် ဘူးတစ်ဘူးကို ထုတ်ယူလာလေသည်။

" အစ်ကို မီး ထည့်မလို့ လားဟင် "

" ဟမ် "

ရုတ်တရက်မေးလာသည့် လူမျိုးခြားလေးကြောင့် ထက်နောင်တစ်ယောက် ကြောင်ရပ်ကြည့်နေမိစဉ် လူးကပ်စ်က ဝါးလုံးလေးများကိုမေးဆတ်ပြရင်း

" အဲဒါ ဝါး မဟုတ် လား မီးထည့် ရတာလေ "

ထိုအခါမှ ထက်နောင် သဘောပေါက်သွားကာ ရယ်မောလိုက်ရင်း...

" မဟုတ်ဘူး လူးကပ်စ်ရဲ့ ဒါက စားစရာတစ်မျိုးလေ ကောက်ညှင်းကျည်တောက်လို့ခေါ်တယ် ဒေသအလိုက် တစ်ချို့ကတော့ ပေါင်းတင်း၊ ခဲတံကျည်ထောက် အမျိုးမျိုးခေါ်ကြတာပေါ့လေ "

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now