Zaw gyi
☀ မကိုချစ်လို့.....မုန်းတာမလား☀
အခန်း(၁)
~~~~~~~လမ်းဘေးကကွင်းကျယ်တစ်ခုမှာ...ဘောလုံးကစားနေသည့်ကမ်းစပ်တို့လူငယ်တစ်စု။
တနင်္ဂနွေ ပိတ်ရက်...အချိန်အားဖြင့်ညနေ၅နာရီခန့်မျှရှိနိုင်လိမ့်မည်။
ကမ်းစပ်နှင့်...ဇေယျာကျော်တို့အဖွဲ့နှစ်ဖွဲ့
အပြိုင်အဆိုင်ကစားနေကြခြင်း။
ဇေယျာကျော်၏မိဘများမှာက...ထိုရွာမှာအချမ်းသာဆုံးသောသူတွေဖြစ်ကြပြီး...လယ်ဧကများစွာကိုပိုင်ဆိုင်ထား၏။
ဇေယျာကျော်နှင့်ကမ်းစပ်က...တစ်ယောက်နှင့်တစ်ယောက်...ရန်သူတွေလိုပင်။
ရန်ခဏခဏဖြစ်လွန်းသလို...ရုံးခန်းလည်းခဏခဏရောက်ရ၏။
တစ်ဖက်နှင့်တစ်ဖက်အကြိတ်အနယ်ယှဉ်ပြိုင်နေကြ၏။
ကမ်းစပ်တို့အဖွဲ့ကတော့...တစ်ယောက်နှင့်တစ်ယောက်အပေးအယူမျှပြီး...တက်ညီလက်ညီရှိသည်။
"အောင်ဖြိုး...""ဟျောင့်...ကမ်း..."
တစ်ယောက်နှင့်တစ်ယောက်...တစ်ဆင့်ဆီပေးပြီး...ဘောလုံးကကမ်းဆီရောက်လာ၏။
ဇေယျာကျော်က...ကမ်းဆီကဘောလုံးကိုလုယူဖို့ကြိုးစားပေမယ့်...ကမ်းရဲ့ခြေရည်ကအတော်ပင်ကောင်းသလို...ဘောလုံးကိုထိမ်းပြီး...အကွက်ကောင်းမှာ...ဘောလုံးကို...အရှိန်နှင့်ဂိုးပေါက်ဆီပစ်သွင်းချလိုက်၏။"ဂိုး..."
ကမ်းက...ဇေယျာကျော်ကိုမျက်ခုံးပင့်ပြကာ...ကျေနပ်စွာဖြင့်ပြုံးရယ်နေ၏။"ဘယ်လိုလဲဇေယျာကျော်...မင်းဆိုတဲ့ကောင်က...ငါ့ကိုကျော်နိုင်မယ်ထင်လို့လား...2-0နော်...မင်းရှုံးတာကိုဝန်ခံစမ်းပါ..."
"မင်းလိုအခြေအမြစ်မရှိအကောင်ကိုငါကဘာလို့အရှုံးပေးရမှာလဲ...နောက်ထပ်နာရီဝက်ကျန်သေးတယ်...ငါမင်းကိုလုံးဝအရှုံးပေးမှာမဟုတ်ဘူး..."
ကမ်းကခနဲ့ကာ...လှောင်ရယ်နေတော့..ဇေယျာကျော်မျက်နှာကြီးမှာ...မဲမှောင်နေပြီး..အတော်ဒေါသထွက်နေချေပြီ။
~~~~~~~~~~~~~~~~~~~•****
"သမီး....ရှေ့က..လမ်းအတော်ဆိုးတော့...ကားဝင်လို့မရတော့ဘူး..."
YOU ARE READING
❀ မကိုချစ်လို့...မုန်းတာမလား ❀ (Complete)
Romance"မင်း...ညကငါ့ကို..." "ဟိုး...ဟိုး..ဒေါ်မုဒွိသဏ္ဍန်...ညကဆိုရင်တော့...ခင်ဗျားကပဲကျွန်တော့်ကိုဆွဲစားတာလေ...ခင်ဗျားပြောပုံအရဆို.. ခင်ဗျားကယုတ်မာတာပဲ..." "မင်း...အဲ့လိုဆိုရင်တောင် မင်းဆင်ထားတဲ့ထောင်ချောက်ထဲ ငါမိသွားတာပဲ...ငါမင်းကိုလ...