part - 11

1.5K 47 2
                                    

Zaw,gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၁၁)
-----------:•

"​မာမီ "
လူယုတ်​မာဦးခမ်းနားဆီကပြန်​လာပြီး
ဆေးရုံ​ရောက်​​တော့ မာမီသတိရ​နေပြီ​လေ။
မာမီရဲ့ကုတင်​​ဘေးကခုံမှာ ဒီဒီကလည်းထိုင်​​နေတာ။
ဒီဒီ​ဘေးကိုဝင်​ထိုင်​လိုက်​သလို မာမီရဲ့လက်​​ကို ကမ်းနားဆုပ်​ကိုင်​​လေရာ
မာမီ့မျက်​ဝန်းမှာဝမ်းနည်းမှုအရိပ်​​တွေနဲ့အတူ မျက်​ရည်​​လေး​တွေကရစ်​သီ​နေသည်​။
"သား "
ကမ်းကိုမြင်​မှမာမီမျက်​ရည်​​တွေကျလာသည်​။
"မာမီမငိုပါနဲ့ "

"မာမီ့​ခြေ​ထောက်​​တွေကအသုံးမဝင်​​တော့ဘူးသား မာမီအဲ့ဒီလိုဒုက္ခိတတစ်​​ယောက်​အဖြစ်​နဲ့အသက်​မရှင်​ချင်​ဘူး "

"မာမီ အဲ့ဒီစကားကို​နောက်​ဘယ်​​တော့မှမ​ပြောပါနဲ့. မာမီ​သေလို့မရဘူး
သားနဲ့ဒီဒီအတွက်​မာမီလိုတယ်​ "

"​ခြေအ​ကောင်းလက်​အ​ကောင်းဖြစ်​​နေတာ​တောင်​ မာမီ့ကိုမလိုအပ်​တဲ့သူရှိ​သေးတာ ခုလိုဒုက္ခိတတစ်​​ယောက်​ဖြစ်​​နေ​တော့ မာမီ့ကိုဘယ်​သူလိုအပ်​မလဲ "

"မင်း​ဖြောင်းဖျလိုက်​ပါအုံးကမ်းနာရာ..
ငါ​တော့ မငယ်​ကို​ဖျောင့်​ဖျ​နေတာ
မင်းမ​ရောက်​ခင်​ကငိုပဲငို​နေတယ်​ "

"အပုပ်​အသိုး​တွေကိုကြိုက်​တဲ့လူယုတ်​မာကိုတမ်းတမ​နေပါနဲ့​တော့မာမီရယ်
မာမီ့ကိုသားလိုအပ်​တယ်
မာမီ့မှာ သားကမ်းစပ်​နားနဲ့ဒီဒီရှိတယ်
အဲ့လိုပဲ သားမှာလည်း မာမီ​ဒေါ်​နွေးငယ်​နဲ့ ​လေး​လေးဒီ​ရေလှိုင်းပဲရှိတယ်
သားအတွက်​မာမီသန်​မာ​ပေးရမယ်​​နော်​မာမီ မာမီကနုံနုံအအအမျိုးသမီးမဟုတ်​ဘူးဆိုတာသူတို့သိ​စေရမယ်
မာမီကသန်​မာထက်​မြတ်​တဲ့မိန်းမ​ကောင်းတစ်​​ယောက်​ပဲ "

"​နော်​မာမီ သားအတွက်​​မေ​မေပြုံးပြ​ပေးပါလား "
မာမီ့ရဲ့မျက်​ရည်​​တွေကိုကမ်းသုပ်​​ပေးလိုက်​ပြီး​ပြော​လေ​တော့ ​ကမ်းကိုပြုံးပြလာပါသည်​။
စိတ်​ချပါမာမီရယ်​ သားမဆိုး​တော့ပါဘူး။
မာမီ့အတွက်​အားကိုးရတဲ့သားတစ်​​ယောက်​ဖြစ်​​စေရပါမယ်​။
~~~~~~~~~~~~~~~~~•**
ရက်​သတ်​တစ်​ပတ်​ခန့်​ကြာ​တော့
မာမီ​ဆေးရုံမှဆင်းရ၏။
အိမ်​မှာ ဒက်​ဒီနဲ့ပတ်​သတ်​သမျှအရာအားလုံးကို ရှင်းလင်းထား​လိုက်​သည်​။
ထိုအရာ​တွေက မာမီ့ကိုဝမ်းနည်း​စေတာမျိုးကိုကမ်းလက်​မခံနိုင်​။
"မာမီ့ကိုမိတ်​ဆက်​​ပေးရအုံးမယ်
ဒါက မာမီ့အတွက်​​ရော အိမ်​အလုပ်​​တွေပါလုပ်​ဖို့ အကူ​ခေါ်ထားတာ
ဒေါ်ညိုမြတဲ့ "

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now