part - 30

1.3K 28 0
                                    

Zaw gyi

❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၃၀)
~~~~~~•★ ★ ★

"ကမ်းတို့မလာ​သေးဘူးလား.."
Toiletကထွက်​လာပြီး...ရုံးခန်းထဲက
ဆိုဖာရှည်​မှာထိုင်​​နေသည့်​ နှင်းတစ်​​ယောက်​တည်းကိုသာမြင်​​နေရသည်​​ကြောင့်​။
"လာပြီးလို့ထွက်​သွားကြတယ်​ "

"ဟင်​..ဘယ်​ကိုထွက်​သွားကြတာလဲ
ကမ်းဘာ​ပြောသွား​သေးလဲ "

"ဆရာမဒွိ​နေရာမှာ...ငါ့ကိုအစားထိုးဖို့
အဲ့ဒါဆရာမဒွိသ​ဘောမကျဘူးထင်​တယ်
စိတ်​ဆိုးပြီးထွက်​သွားတယ်
ငါက ကမ်းကိုဒုက္ခ​ပေးရာများ​ရောက်​​နေမလား.."
အောင်​ဖြိုးက နှင်းရဲ့အနားကပ်​ထိုင်​လာပြီး...နှင်းရဲ့ပခုံး​လေးကိုမှီနွဲ့ရင်း..

"အ​တွေးမများနဲ့...မဒွိက.ကမ်းကို​ဆန့်ကျင်​ချင်​ယုံပဲ..."
~~~~~~~~~~~~~~~~~~~•***
"ကျွန်​​တော်​မကိုဘယ်​​လောက်​ချစ်​တယ်​ဆိုတာ..မသိပြီမလား.."
လက်​ကိုင်​ပုဝါကိုကိုင်​ကာ ​တွေး​တော​ငေးငိုင်​သွားသည်​​ကြောင့်​​..​မေးလာခြင်းဖြစ်​ဟန်​တူသည်​။
ဒွိထရပ်​လိုက်​ပြီး...ပုဝါကိုသူ့ရင်​ဘက်​ဆီတွန်း​ပေးလိုက်​ရင်း..
"အရူးထတာပဲ..."
ရင်​ဘက်​ဆီတွန်း​ပေးလာတဲ့ပုဝါကိုယူလိုက်​ကာ...
"အရူးထတာလား.."
မရဲ့စကား​ကြောင့်​​မျက်​ခုံးကျုံ့ပြီး​မေးခွန်းပြန်​ထုတ်​​တော့...မကကမ်း​ရှေ့ကထွက်​သွားဖို့ပြင်​သည်​။
"အရူးထတယ်​ဆိုတာထက်
ရူးသွပ်​တာလို့​ပြောမယ်​ဆိုရင်
ကျွန်​​တော်​ဝန်​ခံတယ်
မ..ကျွန်​​တော့်​ဘက်​ကိုနည်းနည်း​လောက်​ဖြစ်​ဖြစ်​ကြည့်​​ပေးပါအုံး
မထွက်​သွားပြီး​တဲ့​နောက်
ကျ​နော်​ မကို​မြေလှန်​ရှာမယ်​လို့
တွေးထားခဲ့တယ်
အဲ့ဒီအချိန်​..မာမီက
ကျွန်​​တော့်​ကိုUsကိုပို့တယ်
Usမှာ​နေရတဲ့ကာလ​တွေမှာလည်း
မြန်​မာပြည်​ပြန်​​ရောက်​ရင်
မကိုရှာဖို့ပဲစိတ်​အားထက်​သန်​ခဲ့တယ်
တစ်​ကယ်​ပါ..7နှစ်​လုံး..
မနဲ့​တွေ့ဖို့​မျှော်​လင့်​ချက်​က..
တစ်​​နေ့မှ​ပျောက်​ပျက်​မသွားခဲ့ဘူး
အဟက်​...
မြန်​မာပြည်​​ရောက်​​တော့..
ကျွန်​​တော်​အသက်​တမျှချစ်​လှပါတယ်​ဆိုတဲ့မက...ဒီဒီရဲ့ဇနီး​လောင်းအ​နေနဲ့
ဒီဒီ​ဘေးမှာရပ်​​နေခဲ့တာ​လေ...
ကျွန်​​တော့်​ရင်​ဝကို ​​စောင့်​ကန်​လိုက်​သလိုပဲ
အသက်​ရှူ ​တောင်​မဝင်​ချင်​​အောင်
ကျွန်​​တော့်​နှလုံး​တွေရပ်​မတက်​ပဲ "
ကမ်းက​ဆွေး​ဆွေး​မြေ့​မြေ့​ပြော​နေသည်​​ကြောင့်​...ဒွိမျက်​ဝန်း​တွေကိုဖိပိတ်
သက်​ပြင်းဖွဖွ​လေးချလိုက်​ပြီး..
"ခု​ရော...မင်းငါ့ကိုပိုင်​ပြီပဲ​လေ
ငါမင်း​ရဲ့သတို့သမီး​လောင်းပဲ
မင်းဒီထက်​ဘာ​တွေ​မျှော်လင့်​​နေ​သေးတာလဲ.."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now