Part - 23

1.2K 40 0
                                    

Zawgyi

  မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၂၃)
~~~~~~•★ ★ ★

ကုမ္ပဏီမှ15minutesခန့်​မျှ​မောင်းရယုံသာရှိသည့်​...5လွှာစား​သောက်​ဆိုင်​ကြီးရဲ့ 5လွှာထပ်​...VIPအခန်းမှာပဲ.ဒွိနှင့်​ကိုတို့​ရောက်​ရှိ​နေကြသည်​။
စား​သောက်​ဆိုင်​က...K.Nစား​သောက်​ဆိုင်​ရဲ့ဆိုင်​ခွဲတစ်​ခုဖြစ်​သလို..ကမ်းစပ်​နား
ရောက်​မလာခင်​ကတည်းက..ဒွိတို့​နေ့လည်​စာစား​နေကြဆိုင်​ပင်​။
စား​သောက်ဆိုင်​ခွဲ​ပေါင်းများစွာ၊ဘဏ်​လုပ်​ငန်း၊​ကြော်​ငြာ၊မဂ္ဂဇင်း၊ကုန်​တိုက်​ကြီး​တွေ၊
Hotel​ပေါင်း​မြောက်​များစွာ၊ရန်​ကုန်​မှာမက
မန္တ​လေး...ပြင်​ဦးလွင်​၊က​လော၊​တောင်​ကြီးမှာရှိတဲ့ပိုင်​ဆိုင်​မှု​တွေ...KNgroupရဲ့​ပြောပြလို့မကုန်​နိုင်​တာ​တွေပင်​​။
ဒါ​တွေအားလုံးကိုဦးစီးလုပ်​ကိုင်​ဖို့ကမ်းစပ်​နားကိုလွှဲ​ပြောင်း​ပေးသည်​ကကြီး​လေးသည့်​တာဝန်​တစ်​ခုဖြစ်​ပြီး...တစ်​ကယ့်​ကိုစွန့်​စားခန်းကြီးတစ်​ရပ်​ပါပဲ။

"ဒီလိုကြီးပဲ​နေ​တော့မှာလားဒွိရဲ့...
ကိုယ့်​ကိုဘာမှ​ပြောစရာမရှိ​တော့ဘူးလား.."

"ကို​...ဒွိကိုအရုပ်​တစ်​ခုလို့ပဲသတ်​မှတ်​​နေတာလား..."
တစ်​လမ်းလုံးဘာစကားမှမ​ပြောသလို
စား​သောက်​ဆိုင်​​ရောက်​သည်​ထိငြိမ်​သက်​​နေသည့်​ဒွိကစကားပြန်​လာသည်​က
မ​ကျေမှု​တွေအပြည့်​။
ကိုက​တော့...ပြုံးလျက်​ဖြင့်​သာဒွိကိုကြည့်
လာပါသည်​။
အေး​ဆေးတည်​ငြိမ်​သည့်​အပြုံး...ဒီအပြုံးက...ဟိုတစ်​ချိန်​​တွေက​တော့ဒွိရဲ့နှလုံးသားကိုထိုး​ဖောက်​ဝင်​နိုင်​​ခဲ့​ပေမယ့်​...ခုတစ်​ကြိမ်​က​တော့
ဒွိရဲ့​ဒေါသကိုဆွ​နေသည့်​အလား။

"ကိုယ်​ဘယ်​တုန်းကမှ...ဒွိကိုအရုပ်​တစ်​ခုလိုသ​ဘောမထားခဲ့ပါဘူးဒွိရဲ့..."

ဝန်​ထမ်း​တွေက...မှာထားသည့်​စား​သောက်​ဖွယ်​​တွေကိုလာချသည့်​အချိန်​မှာ​တော့
ဒွိဘက်​ကဘာမှပြန်​မ​ပြောဘဲနှုတ်​ဆိတ်​​နေလိုက်​သည်​။
"သူ​ဌေး...လိုအပ်​တာရှိရင်​​ပြောပါ.."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now