Part - 35

1.6K 27 0
                                    

Zaw gyi
❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၃၅)
~~~~~~•★ ★ ★

ည​နေစာ ​စားပြီးအခန်းထဲပြန်​​ရောက်​​တော့ မကအိပ်​​ပျော်​​နေ​လေပြီ​။
"ကျစ်​..မ က​တော့
နေမ​ကောင်းပါဘူးဆို
အ​အေးက​ကြိုက်​​သေးတယ်​ "
ပြတင်း​ပေါက်​​တွေကိုဖွင့်​ထားသည်​​ကြောင့်​ ကမ်း​ရေရွတ်​ကာ ပြတင်း​ပေါက်​​တွေကိုပြန်​ပိတ်​ပစ်​သည်​။
ဆောင်​ခြုံမထားတဲ့မကို​ဆောင်​ခြုံ​ပေးကာ နဖူး​လေးကိုစမ်းကြည့်​ပြီး
ပါး​လေးကို မြတ်​နိုးစွာနမ်းရှိုက်​သည်​။ယူလာတဲ့လက်​​တော့ပ်​ကိုစားပွဲ​ပေါ်တင်​ပြီးကုတင်​​ဘေးကခုံမှာထိုင်​လိုက်​၏။
ပြီး​တော့ စားပွဲ​ပေါ်က ကင်​မရာ​လေးကိုယူကာ ရိုက်​ထားတဲ့မှတ်​တမ်းကိုပြန်​ကြည့်​ရင်း သ​ဘောကျစွာပြုံး​နေမိသည်​​။
ပြီးသည်​နှင့်​ ကင်​မရာကိုပြန်​ချထားပြီး
လက်​​တော့ပ်​မှာအာရုံစိုက်​လိုက်​​လေ​တော့၏။
အချိန်​အားဖြင့်​ ည1နာရီခွဲခန့်​ပင်​ရှိ​နေ​လေပြီ။

"ကမ်းစပ်​နား "
တီးတိုး​ခေါ်သံ​ကြောင့်​ ​မကိုကြည့်​လိုက်​ရာ ....မ​ ​ယောင်းယမ်း​ရေရွတ်​​နေတာပင်​။
လက်​ကနာရီကိုပင့်​ကြည့်​လိုက်​မိမှ
1နာရီ​တောင်​ခွဲသွားမှန်းသိသည်​။
လက်​​တော့ပ်​ကိုပိတ်​ပြီး
ကုတင်​စွန်းမှာထိုင်​ကာ
မရဲ့လက်​​လေးကိုဆုပ်​ကိုင်​လို်​က်​၏​​။
"ကမ်းစပ်​နား..
မင်းငါ့လက်​ကိုဘယ်​​တော့မှဖြုတ်​မချပါနဲ့​နော်​.."

ကမ်းကမရဲ့လက်​​လေးကိုဆုပ်​ကိုင်​ထားရာ မကလည်းကမ်းရဲ့လက်​ကို
ခပ်​တင်းတင်းပြန်​ဆုပ်​ကိုင်​ထားရင်း
ယောင်​ယမ်း​နေခြင်းပင်​။
ကျွန်​​တော့်​ဘဝတစ်​​လျှောက်​လုံး
မရဲ့လက်​ကိုဖြုတ်​ချမှာမဟုတ်​ပါဘူးမရယ်​။
~~~~~~~~~~~~~~~~~•****
နံနက်​ခင်းရဲ့...​နေခြည်​​နွေး​နွေးက
မှန်​ပြတင်း​ပေါက်​က​နေဖြတ်​ပြီး
လိုက်​ကာစ​တွေကြားတိုးကာ
အခန်းထဲကိုဖြာကျလာပြီး
ဒွိလည်းမျက်​ဝန်း​လေး​တွေပွင့်​လာခဲ့ရသည်​။
ထို့အတူ
ဒွိရဲ့လက်​ကိုဆုပ်​ကိုင်​ကာ ဒွိရဲ့​ဘေးဘက်​ ​ထောင့်​​စွန့်​​လေးမှာအိပ်​​ပျော်​​နေတဲ့ကမ်းစပ်​နား။
အနီးကပ်​မြင်​​မေရပြီး ​ချော​မောလွန်းတဲ့မျက်​နှာ​လေးကို တခြားလက်​တစ်​ဖက်​ဖြင့်​ ဖွကိုင်​ရင်း...ပြုံး​နေဆဲသူရုတ်​တရက်​နိုးလာသည်​​ကြောင့်​ လက်​က​လေးကို​နောက်​ဆုတ်​ပစ်​သည်​။
"မ...နိုးပြီးလား"
သူနိုးလျှင်​ချင်းပင်​ ​ဒွိရဲ့နဖူး​လေးကိုစမ်းလာ​ရာ ဒွိရင်​ထဲလှိုက်​လှိုက်​လှဲလှဲကိုကြည်​နူးမိသွားတာ။
ဒီလိုဂရုစိုက်​ခံရမှုဆိုတာ ကမ်းစပ်​နားဆီကပဲ ပထမဦးစွာရဖူးသည်​​ကြောင့်
ဂရုစိုက်​မှုမှာ ရင်​ခုန်​သွားမိတာပင်​လား။
"​အဖျားမရှိ​တော့ပါဘူး "
"ငါ့ကုတင်​​ပေါ်ဘယ်​သူက​ပေးအိပ်​လို့
အိပ်​တာလဲ "

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now