Part - 9

1.5K 40 0
                                    

Zaw gyi

☀မကိုချစ်​လို့မုန်းတာမလား ☀

အခန်း(၉)
-----------:•

"ဖုန်းကိုင်​တဲ့တစ်​​ယောက်​လား..."
Operation Room​ရှေ့မှ့​ရောက်​​တော့
တစ်​​ယောက်​တည်းထိုင်​​နေတဲ့​မိန်းက​လေးကို​မေး​တော့...​ခေါင်း​လေး​မော့ကြည့်​လာသည်​။

"ဟုတ်​ပါတယ်​...."

"ကျ​နော့်​အမအ​ခြေအ​နေဘယ်​လိုရှိလဲဗျ..."

"ဒွိလည်းမသိ​သေးဘူး....ခုထိ...doctorလည်းထွက်​မလာ​သေးဘူး​လေ..ရှင်​​ရောက်​လာပြီဆို​တော့..
ဒွိလည်းပြန်​​တော့မယ်​...ပြန်​ခွင့်​ပြုပါအုံး."

ဒွိထပြန်​မည်​ပြု​တော့...ဒွိရဲ့လက်​ကိုသူကဖျက်​ကနဲဆုပ်​ကိုင်​လာသည်​နှင့်​အတူ...အားကိုးတကြီးကြည့်​လာသည်​။
"အကို့ကို...ကူညီလက်​စနဲ့...ထပ်​ကူညီ​ပေးပါလား..."

"ဒွိ..."

"​တောင်းဆိုပါတယ်​....အကိုက
ခုမှUsကပြန်​လာတာဆို​တော့...
ဒီမှာမိတ်​​ဆွေအ​ပေါင်းအသင်းမရှိလို့ပါ"

"ဒွိကဘယ်​လိုကူညီ​ပေးရမှာလဲ..."

"Operation Roomက​နေထွက်​တဲ့အထိအကိုနဲ့အတူ....အ​ခြေအ​နေကို​စောင့်​ကြည့်​​ပေးပါ...ပြီး​တော့...
အကို..အိမ်​ကိုလိုအပ်​တာ​လေး​တွေလည်းပြန်​ယူချင်​တယ်​....အဲ့အချိန်​မှာ
မငယ်​ကိုတစ်​​ယောက်​တည်းထားခဲ့ဖို့အဆင်​မ​ပြေဘူး​လေ..."

"ရှင့်​မှာ...တခြားမိသားစုဝင်​​တွေမရှိဘူးလား..."

"မငယ်​ရဲ့သား  အကို့ရဲ့တူက တစ်​ခြား​နေရာမှာ ပြီး​တော့ မငယ်​​ယောကျာ်း အကို့​​ယောက်​ဖက ​ဖောက်​ပြန်​​နေတယ်​ ဒီ​နေ့မနက်​ပဲကွာရှင်းစာချုပ်​မှာလက်​မှတ်​ထိုးပြီးတာ အဲ့ဒီကိစ္စနဲ့ပတ်​သတ်​ပြီး မငယ်​အက်​စီးဒန့်​ဖြစ်​တာ "
သူကအဲ့လို​ပြောပြ​ပြန်​​တော့လည်း
ဒွိစိတ်​မ​ကောင်းဖြစ်​သွားရပြန်​သည်​။
"အဲ့လိုဆို​တော့လည်း ဒွိဘယ်​ငြင်းနိုင်​မလဲ "
ခုံမှာပြန်​ထိုင်​လိုက်​ကာ သူနဲ့အတူ
အချိန်​အ​တော်​ကြာ​အောင်​​စောင့်​လိုက်​ရ၏။
သူစိမ်း​ယောကျာ်းတစ်​​ယောက်​နဲ့အတူ
အနီးကပ်​ထိုင်​​နေရ​တာက အ​နေခက်​လှ၏။
တစ်​ချက်​တစ်​ချက်​​တော့လည်း ​ထိုအကို
ကို...ခိုးကြည့်​မိ​တော့...ဆံပင်ကို
သေသပ်​စွာ​နောက်​လှန်​ဖီးထားပြီး
စိမ်းဖန့်​ဖန့်​မျက်​ခုံးထူထူ​တွေ
နုဆိပ်​​ကော့ဆင်းတဲ့မျက်​​တောင်​​မွှေး
ဝိုင်းစက်​​နေတဲ့မျက်​ဝန်းတစ်​စုံ
နှာတံချွန်​ချွန်
မိန်းမဆန်​စွာလှပတဲ့နှုတ်​ခမ်းဖူး​လေး​တွေ...အားလုံးကမက်​​မောဖွယ်​ရာပင်​။
"ညီမ...တစ်​ခုခု​သောက်​ချင်​လား..
ရေ​အေးဖြစ်​ဖြစ်​...ဒါမှမဟုတ်တခြား
အ​အေး..."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now