Part - 36(ဇာတ်​သိမ်း)

4.4K 50 2
                                    

Zaw gyi

❦ မကိုချစ်​လို့ မုန်းတာမလား ❦

အခန်း(၃၆)[ဇာတ်​သိမ်းပိုင်း]
~~~~~~•★ ★ ★

"နှင်း"
နှင်းနဲ့​အောင်​ဖြိုးက အရှိန်​ပြင်းပြင်း​လောင်​​နေတဲ့ဂို​ထောင်​ဆီကိုစိတ်​ပူတကြီးကြည့်​​နေဆဲ​ခေါ်လာတဲ့အသံ​ကြောင့်​လှည့်​ကြည့်​မိ​လေရာ..
"မဒွိ "
"မဒွိ ဂို​ထောင်​ကိုသွားမယ်​​ပြောတာ​လေ"

"ဟုတ်​တယ်​ ဒါ​ပေမယ့်​ ငါMarketingဘက်​ကိုအရင်​သွား​နေလို့
ကံ​ကောင်းသွားတယ်
ဂို​ထောင်​မီး​လောင်​တာနဲ့ကပ်​လွဲသွားတယ်
ကမ်းစပ်​နား​ရော
ငါကမ်းစပ်​နားကိုမ​တွေ့လို့"

"ကမ်းက မဒွိမီးထဲမှာဆိုပြီး
တားထားတဲ့ကြားက
အတင်း​ပြေးဝင်​သွားတယ်​"
ဘုရား​ရေ..
ကမ်းစပ်​နားမီးထဲဝင်​သွားတယ်​တဲ့။
မီး​တွေကအရှိန်​ပြင်းပြင်းနဲ့​တောက်​​လောင်​​နေတာ။
ပါးပြင်​မှာ တလိမ့်​လိမ့်​စီးကျလာတဲ့မျက်​ရည်​​တွေနှင့်​အတူ ​ပူပင်​​သောက​တွေက ထိုမီးအရှိန်​နဲ့မခြားနားပါပဲ။
"မဖြစ်​ဘူး...ကမ်းကိုကယ်​မှဖြစ်​မယ်​"

"မဒွိ မသွားပါနဲ့ အန္တရာယ်​ကြီးတယ်​"

"လွှတ်​ပါ ငါ့ကိုလွှတ်​ကြပါ
ကမ်းစပ်​နားအန္တရာယ်​ထဲ​ရောက်​​နေတာ
ငါကြည့်​မ​နေနိုင်​ဘူး
အဟီး..."
ငိုချလို်​က်​သည့်​ဒွိက အားလုံးရဲ့ချုပ်​​နှောင်​မှုကြားမှာပင်​။
"ဘယ်​လိုဖြစ်​ကြတာလဲ "
အနားကိုရုတ်​တရက်​​ရောက်​လာတဲ့သူက ဒီ​ရေလှိုင်းပင်​။
ဒွိရှိုက်​ကြီးတငင်​ငို​လေမှ ​ရေလှိုင်းရင်​ထိတ်​သွားရပြီး..
"ကမ်းနား​ရော..."

"ကို​ ကမ်းစပ်​နားကဂို​ထောင်​ထဲမှာ
ကမ်းစပ်​နားကိုကယ်​​ပေးပါအုံး"
အားကိုတကြီးနှင့်​ ​ဒီ​ရေလှိုင်းအား
ကမ်းစပ်​နားကိုကယ်​ဖို့အကူအညီ​တောင်းရှာသည်​။
"စိတ်​ချဒွိ ကိုယ်​ကမ်းစပ်​နားကို
ရ​အောင်​ပြန်​​ခေါ်ထုတ်​​ပေးမယ်​"
ဂျက်​ကပ်​ကိုချွတ်​ပစ်​ပြီး ​​ရေစွတ်​ကာ
ဂို​ထောင်​ဆီကို​ပြေးဝင်​ဖို့ကျန်​​တော့
မီး​တွေကြားကပြန်​ထွက်​လာတဲ့ကမ်းစပ်​နား။
"ကမ်းစပ်​နား...
ကမ်းစပ်​နားပြန်​ထွက်​လာပြီ"
ကမ်းနားပြန်​ထွက်​လာမှ ​ရေလှိုင်းရင်​ထဲကအပူလုံးကျသွားရပြီး ဒွိကိုချုပ်​​နှောင်​​ထားရာမှလွှတ်​လိုက်​ကြသည်​။
ကမ်းကဒွိဆီကို​ပြေးလာပြီး အားပါးတရဖက်​ပစ်​၏။
ဒွိကလည်း ထပ်တူ ကမ်းရဲ့ခါးကိုကျစ်​ကျစ်​ပါ​အောင်​ဖတ်​ရင်းမျက်​ရည်​​တွေကျ​နေမိသည်​။
ကမ်း မရဲ့​ခေါင်း​လေးကိုခပ်​ဖွဖွပွတ်​သပ်​ရင်း..မျက်​ဝန်း​တွေကိုစုံမှိတ်​ချလိုက်​သည်​က ပူပန်​မှု​တွေကို​လျှော့ချလိုက်​တာပင်​။
"မ ဘာမှမဖြစ်​ဘူး​နော်​ "

You've reached the end of published parts.

⏰ Last updated: Aug 05, 2023 ⏰

Add this story to your Library to get notified about new parts!

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now